.label-size:hover { border:1px solid #6BB5FF; text-decoration: none;-moz-transition: all 0.5s ease-out; -o-transition: all 0.5s ease-out; -webkit-transition: all 0.5s ease-out; -ms-transition: all 0.5s ease-out; transition: all 0.5s ease-out; -moz-transform: rotate(7deg); -o-transform: rotate(7deg); -webkit-transform: rotate(7deg); -ms-transform: rotate(7deg); transform: rotate(7deg); filter: progid:DXImageTransform.Microsoft.Matrix( M11=0.9961946980917455, M12=-0.08715574274765817, M21=0.08715574274765817, M22=0.9961946980917455, sizingMethod='auto expand'); zoom: 1; } .label-size a { text-transform: uppercase; float:left; text-decoration: none; }.label-size a:hover { text-decoration: none; }

Friday, January 8, 2016

တရုတ်နိုင်ငံ က ထုတ်လုပ်လိုက်သော ကမ္ဘာ့ပထမဆုံး လူစီး ဒရုန်းအား လက်စ်ဗီးဂပ်စ် တွင် ကျင်းပသည့် CES ပွဲ၌ ပြသ

တရုတ်နိုင်ငံ မောင်းသူမဲ့ ဒရုန်းလေယာဉ် ထုတ်လုပ်ရေး Ehang က ဇန်နဝါရီလ ၆ ရက်တွင် ခရီးသည် တစ်ဦး လိုက်ပါ စီးနင်းနိုင်သည့် ကမ္ဘာ့ပထမဆုံး လူစီး ဒရုန်း Ehang 184အား လက်စ်ဗီးဂပ်စ် တွင် ကျင်းပသည့် လူသုံးကုန် အီလက်ထရောနစ် ပစ္စည်းများ ပြပွဲ (CES) ၌ ပြသခဲ့ကြောင်း နှင့် ၄င်းဒရုန်း ယာဉ်ပျံသည် အနာဂါတ်တွင် မျှော်မှန်းထားသည့် နေ့စဉ် အကွာအဝေးတို၊ အကွာအဝေးလတ် အလိုအလျောက် ပျံသန်းမှု ခရီးစဉ်များ အကောင်အထည် ဖော်နိုင်ရန် ကူညီပေးနိုင်မည် ဖြစ်ကြောင်း သိရသည်။

လျှပ်စစ် ဓါတ်အားသုံး Ehang 184 သည် အလေးချိန် ၁၀၀ ကီလိုဂရမ် ရှိသော ခရီးသည် တစ်ဦးကို တင်ဆောင်နိုင်ကာ တစ်နာရီလျှင် အမြန်နှုန်း ၁၀၀ ကီလိုမီတာ ဖြင့် ၂၃ မိနစ်ကြာ ပျံသန်းနိုင်မည် ဖြစ်ကြောင်း ကုမ္ပဏီက ပြောကြားခဲ့သည်။

အဆိုပါ ယာဉ်ပျံတွင် ပျံသန်းမှု ခရီးစဉ်အား သတ်မှတ်ပြီးပါက ခရီးသည်အနေဖြင့် ကိုယ်တိုင် မောင်းနှင်ရန် မလိုဘဲ ယာဉ်ပျံတွင် ပါရှိသည့် Tablet ကို အသုံးပြု၍ “Take off” နှင့် “Land” အမိန့်များကို ခလုတ် တစ်ခုတည်း အသုံးပြုကာ အလိုရှိရာ နေရာတွင် ဆင်းနိုင်၊ တက်နိုင်ကြောင်း သိရသည်။ ထို့အပြင် ၄င်း ဒရုန်း ယာဉ်ပျံသည် ဒေါင်လိုက် ဆင်းနိုင်၊ တက်နိုင်သောကြောင့် ပြေးလမ်း မလိုအပ်ကြောင်း သိရသည်။

ပျံသန်း နေစဉ်အတွင်း ထိခိုက်မှု တစုံတရာ ရှိပါက ခရီးသည်၏ လုံခြုံရေးအတွက် သင့်လျော်သည့် ဆုံးဖြတ်ချက်ကို အလိုအလျောက် ချမှတ်ပေးနိုင်သည့် စနစ် ပါရှိသည့်အပြင် ခရီးသည် အနေဖြင့်လည်း ခလုတ် တစ်ချက် နှိပ်ကာ ပျံသန်းမှုကို ရပ်တန့်နိုင်ခြင်း၊ လေထဲ ၌ ရပ်တန့်နေခြင်းတို့ကို လုပ်ဆောင် နိုင်ကြောင်း သိရသည်။

Ehang ၏ တွဲဖက် တည်ဆောက်သူ၊ ဈေးကွက်ရှာဖွေရေး အကြီးအကဲ Derrick Xiong က ကုမ္ပဏီသည် Ehang 184 အား ၂၀၁၆ ခုနှစ် နှောင်းပိုင်း တွင် တစ်စီးလျှင် အမေရိကန် ဒေါ်လာ ၂၀၀,၀၀၀ မှ ၃၀၀,၀၀၀ အတွင်း ရောင်းချ ပေးသွားမည်ကြောင်း ပြောကြားခဲ့သည်။

No comments: