.label-size:hover { border:1px solid #6BB5FF; text-decoration: none;-moz-transition: all 0.5s ease-out; -o-transition: all 0.5s ease-out; -webkit-transition: all 0.5s ease-out; -ms-transition: all 0.5s ease-out; transition: all 0.5s ease-out; -moz-transform: rotate(7deg); -o-transform: rotate(7deg); -webkit-transform: rotate(7deg); -ms-transform: rotate(7deg); transform: rotate(7deg); filter: progid:DXImageTransform.Microsoft.Matrix( M11=0.9961946980917455, M12=-0.08715574274765817, M21=0.08715574274765817, M22=0.9961946980917455, sizingMethod='auto expand'); zoom: 1; } .label-size a { text-transform: uppercase; float:left; text-decoration: none; }.label-size a:hover { text-decoration: none; }

Friday, January 29, 2016

မြို့မငြိမ်းမိသားစုကန့်ကွက်သည့် တူးပို့အမည်ဆက်မသုံးရန် ဘီယာကုမ္ပဏီ သဘောတူ


Tuborg ဘီယာတွင် မြန်မာဘာသာဖြင့် တူးပို့စာသား အသုံးပြုနေသည့်အပေါ် မန္တလေး မြို့မှ တူးပို့သီချင်းဖန်တီးရှင် ဆရာမြို့မငြိမ်း၏ မျိုးဆက်များက ကန့်ကွက်ခဲ့ကြသဖြင့် ဆက်လက် သုံးစွဲမည်မဟုတ်ကြောင်း Tuborgဘီယာကို မြန်မာနိုင်ငံတွင် ဖြန့်ချိနေသည့် Carlsberg ကုမ္ပဏီက ဇန်န၀ါရီ ၂၀ ရက်တွင် အသိပေး ကြေညာချက် ထုတ်ပြန်ခဲ့သည်။
Tuborg ဘီယာ၏ တူးပို့ဟူ ၍ စာလုံးပေါင်းမှုအပေါ် ဆရာ မြို့မငြိမ်း၏ မိသားစုဝင်များက တောင်းဆိုချက်အပါအ၀င် ယေ ဘုယျအားဖြင့် အငြင်းပွားနေမှု များကြောင့် မိမိတို့အနေဖြင့် တူးပို့ စကားလုံးကို ဈေးကွက်အတွင်း ဆက်လက်သုံးစွဲမှု ရပ်တန့်မည် ဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။ ဆက်လက်ပြီး လွဲမှားသော အနက်ဖွင့်ဆိုခြင်းမှ ရှောင်ရှားရန် ဒိန်းမတ်နိုင်ငံက မူရင်းအမှတ်တံဆိပ်ဖြစ်သော Tuborg ကိုသာ မြန်မာနိုင်ငံတွင် သုံးစွဲမည်ဟု ဆိုသည်။

 Tuborg အမှတ်တံဆိပ် သည် ပျော်ရွှင်မှုနှင့် ဂီတကိုဖော် ညွှန်းရန် ဆန္ဒရှိခဲ့ခြင်းဖြစ်ကြောင်း နှင့် လိုအပ်သော ပြုပြင်ပြောင်းလဲ မှုများ စတင်လုပ်ဆောင်မည်ဟု ဆိုကာ သင်္ကြန်အချိန်မတိုင်မီ ပြီး စီးနိုင်ရန် အားထုတ်မည်ဟု ကြေ ညာချက်တွင် ဖော်ပြထားသည်။ စနစ်တကျဆောင်ရွက်ရမည်ဖြစ် သည့်အတွက် လုပ်ငန်းစဉ်များ ပြီး ဆုံးသည်အထိ နားလည်လက် ခံပေးရန် ဖော်ပြထားသည်။ မြန်မာ့ထင်မြင်ချက်ကို လေးစား ပြီး မြန်မာဈေးကွက်တွင် မျှတပြီး ပွင့်လင်းမြင်သာမှုရှိသော စီးပွား ရေးကျင့်ထုံးကိုသာ ကျင့်သုံးလိုပါ သည်ဟု ကြေညာချက်တွင် ဖော် ပြထားသည်။
Tuborg ဘီယာက တူးပို့စာ သားဆက်လက်အသုံးမပြုတော့ ကြောင်း ကြေညာချက်နှင့်ပတ် သက်၍ ဆရာမြို့မငြိမ်း၏ သား ဆရာဦးရွှန်းမြိုင်က ‘‘Online မှာ တွေ့ပြီးပါပြီ။ ဒီအတွက် လက်ခံပါတယ်။ ဒါပေမဲ့ ဒီကြေညာချက်ပါ သဘောထားကို အွန်လိုင်းမှာတင်တာ။ အဘိုးတို့မိသားစုဆီကို တရားဝင် လာရောက်အ ကြောင်းကြားတာ မရှိသေးဘူး။ ကုမ္ပဏီက မိသားစုဆီလာပြီး တော့ အသိပေးဖို့ လိုအပ်ပါတယ်။ တစ်ယောက်နဲ့တစ်ယောက် လေးစားမှု၊ ယဉ်ကျေးမှုရှိရမယ်’’ဟု ဇန်န၀ါရီ ၂၀ ရက် နံနက်တွင် ပြောကြားသည်။
Tuborg ဘီယာတွင် မြန်မာ ဘာသာဖြင့် တူးပို့စာသားအသုံး ပြုရန် မြို့မငြိမ်း၏ မိသားစုထံသို့ Carlsberg ကုမ္ပဏီက ၂၀၁၄ မှ စတင်ကာ လေးကြိမ်တိုင် လာ ရောက်ညှိနှိုင်းခဲ့သော်လည်း အသုံးပြုခွင့်ပေးခဲ့ခြင်း မရှိပေ။ ထိုသို့ ညှိနှိုင်းဆဲကာလတွင် ကုမ္ပဏီ ဘက်က Tuborg ဘီယာပုလင်းနှင့် ဘူးများတွင် တူးပို့ဟူသည့် မြန်မာ စာသားကို ဖော်ပြအသုံးပြုနေသဖြင့် ဆရာမြို့မငြိမ်းမျိုးဆက်များက ဇန်န၀ါရီ ၁၅ ရက်တွင် သတင်းစာရှင်းလင်းပွဲလုပ်ကာ ကန့်ကွက်ခဲ့ကြပြီး တရားဥပဒေ အရ တရားစွဲဆိုရန်ပင် စီစဉ်ထား ကြသည်။

No comments: