.label-size:hover { border:1px solid #6BB5FF; text-decoration: none;-moz-transition: all 0.5s ease-out; -o-transition: all 0.5s ease-out; -webkit-transition: all 0.5s ease-out; -ms-transition: all 0.5s ease-out; transition: all 0.5s ease-out; -moz-transform: rotate(7deg); -o-transform: rotate(7deg); -webkit-transform: rotate(7deg); -ms-transform: rotate(7deg); transform: rotate(7deg); filter: progid:DXImageTransform.Microsoft.Matrix( M11=0.9961946980917455, M12=-0.08715574274765817, M21=0.08715574274765817, M22=0.9961946980917455, sizingMethod='auto expand'); zoom: 1; } .label-size a { text-transform: uppercase; float:left; text-decoration: none; }.label-size a:hover { text-decoration: none; }

Friday, January 22, 2016

online အသုံးပြုသူများ အနေဖြင့် (ဒေါသထွက် စိတ်တိုနေချိန်တွင် )မပြုသင့်သော အရာများ



စိတ်တိုဒေါသထွက်နေချိန်တွင် မပြုလုပ်သင့်သော အရာများ
၁။လူမှုကွန်ရက်တွင်statusမတင်ပါနှင့်
စိတ်ဆိုးဒေါသထွက်နေတဲ့အခါမျိုးမှာ စိတ်ခံစားမှုကြောင့်
သင့်အရေးအသားတွေက သင့်အပေါ်တခြားသူတွေ အထင်
အမြင်လွဲမှားနိုင်စရာမျိုးတွေ ဖြစ်တတ်ပါတယ်။စိတ်ဆိုးဒေါ
သထွက်နေခဲ့ရင် ရေနွေးနွေးနဲ့ရေချိုးပြီး အနားယူပါ။
၂။အစာအလွန်အကျွံမစားပါနှင့်
စိတ်ညစ်တဲ့အခါ အစာပိုစားတတ်ကြတဲ့အထဲမှာ သင်လည်း
အပါအ၀င်ဖြစ်ပါလိမ့်မယ်။စိတ်ညစ်တဲ့အခါ ကျန်းမာရေးနဲ့
မညီညွတ်တဲ့ ဆီကြော်စာ၊အချိုကဲတာတွေ၊အဆင်သင့်စာတွေ
ပိုစားမိစေပါတယ်။ဒီအစားအစာတွေ စားသုံးတာကြောင့် စိတ်
ခံမှုစားပိုဆိုးစေပြီး ၀ဖြိုးလာစေပါတယ်။
၃။ကားမမောင်းပါနှင့်
စိတ်တိုနေတာကြောင့် ကားမောင်းရာမှာ ရန်လိုတာ၊အရှိန်ပြင်း
ပြင်းမောင်းနှင်တာ၊စည်းကမ်းမလိုက်နာတာတွေ မတော်
တဆဖြစ်နိုင်ခြေ များပါတယ်။ဒါကြောင့် စိတ်တိုဒေါသထွက်နေရင်
ကားမောင်းတာကို ရှောင်ကြဉ်သင့်ပါတယ်။
၎။ဆုံးဖြတ်ချက်မချပါနှင့်
စိတ်တိုဒေါသထွက်နေချိန်မျိုးမှာ ဆုံးဖြတ်ချက်ကို မြန်မြန်ချတတ်
ကြပါတယ်။ဒါဟာ သင့်ဆုံးဖြတ်ချက်မှားယွင်းနိုင်ခြေ အလွန်များ
ပါတယ်။အရေးကြီးတဲ့ဆုံးဖြတ်ချက်မျိုးဆိုရင် ဒီအချိန်မှာမချမှတ်
သင့်ပါဘူး။စိတ်တည်ငြိမ်အောင် အရင်လုပ်ပါ။ပြီးမှဆုံးဖြတ်ချက်
ချပါ။
၅။အငြင်းအခုန်မလုပ်ပါနှင့်
ဘာမဟုတ်တဲ့ အကြောင်းအရာဆိုပေမယ့် စိတ်တိုဒေါသထွက်
နေချိန်မျိုးမှာ သာမန်ငြင်းခုန်တာကနေ ကြီးကျယ်သွားပြီး ရန်ပွဲ
တွေတောင် ဖြစ်သွားနိုင်ပါတယ်။ဒါကြောင့်စိတ်တို ဒေါသထွက်
နေချိန်မှာအငြင်းအခုန် မလုပ်သင့်ပါဘူး။
၆။အတင်း၊အဖျင်းပြောတတ်သူကို ရင်ဖွင့်ပြောတာမျိုးမလုပ်ပါနှင့်
စိတ်တိုဒေါသထွက်ရတဲ့အကြောင်းကို အတင်းအဖျင်းပြောတတ်
သူစီ ရင်ဖွင့်ပြောဆိုတာကြောင့် စကားတွေပြန့်ကားသွားတာ၊
ဆိုလိုရင်းအဓိပ္ပာယ် မဟုတ်တော့ဘဲ လွဲမှားတာမျိုးတွေ ဖြစ်
တတ်ပါတယ်။အဲ့ဒီအခါ ပိုမိုစိတ်ဆိုးဒေါသထွက်ရတာမျိုး ကြုံ
တွေ့နိုင်ပါတယ်။
၇။ဒေါသစိတ်နှင့်မအိပ်ပါနှင့်
ဒီလိုအချိန်မှာ အိပ်ရာဝင်တဲ့အခါ တော်တော်နဲ့ အိပ်မပျော်
တာကြောင့် ဒေါသပိုထွက်တာမျိုး သင်လည်းကြုံဖူးမှာပါ။
စိတ်တည်ငြိမ်သွားအောင် ရေနွေးနဲ့ ရေစိမ်ချိုးတာ၊နွားနို့
ပူပူတစ်ခွက်မှုတ်သောက်တာ၊တရားထိုင်တာတွေ ပြုလုပ်
ပြီးမှ အိပ်ရာဝင်ပါ။

No comments: