ပြည်နယ်အဆင့် ပစ် ခတ်တိုက်ခတ်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC) များကို ရှမ်းပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် ဇန်နဝါရီ၉ ရက်မှစ၍ ဖွဲ့စည်းမည်ဖြစ်ကြောင်း သတင်းရရှိသည်။
ရှမ်းပြည်နယ်ဆိုင်ရာ ပစ် ခတ်တိုက်ခိုက်မှု ရပ်စဲရေးပူးတွဲ စောင့်ကြည့်ရေးကော်မတီကို ဇန် နဝါရီ ၉ ရက်နှင့် ၁၀ ရက်တွင် ခိုလမ်မြို့၌ သွားရောက်ဖွဲ့စည်း မည်ဖြစ်ကြောင်း ပြည်ထောင်စု အဆင့် JMC အဖွဲ့ဝင်ဒေါက်တာ မင်းဇော်ဦးကပြောသည်။ တစ် ဆက်တည်းပင် ကရင်ပြည်နယ်၌ လည်း JMC ကို ဆက်လက်ဖွဲ့ စည်းမည်ဖြစ်သည်။ ဒေါက်တာ မင်းဇော်ဦးက ဒေသအဆင့် JMC များကို ဖွဲ့စည်းပြီးပါက ပဋိပက္ခ များကို ပိုမိုထိရောက်စွာ ဖြေရှင်း နိုင်မည်ဟု ဆိုသည်။
‘‘ပြဿနာတစ်ခုဖြစ်မှ တစ်ခုလိုက်ရှင်းနိုင်တဲ့ အဆင့်ကနေ ပြည့်ပြည့်စုံစုံ ဖွဲ့စည်းနိုင်ပြီဆိုရင် ပြဿနာ မဖြစ်ခင်ကတည်းက monitoring တွေ ကြိုလုပ်မယ်။ ပြဿနာဖြစ်လာ လာချင်း မြန်မြန် ဆန်ဆန်နဲ့ တုံ့ပြန်နိုင်မယ့်နည်း လမ်းတွေလည်း ရှိလာမှာပေါ့’’ဟု ဒေါက်တာမင်းဇော်ဦးက ပြော သည်။
ပြည်ထောင်စုအဆင့် JMC ကို ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က ဥက္ကဋ္ဌအဖြစ် တာဝန်ယူ၍ အစိုးရ ကိုယ်စားလှယ် ၁၀ ဦး၊ တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့ ရှစ်ဖွဲ့မှ ကိုယ်စားလှယ် ၁၀ ဦး၊ အရပ် ဘက်ကိုယ်စားလှယ် ခြောက်ဦး တို့ဖြင့် ယမန်နှစ် နိုဝင်ဘာ ၁၈ ရက်က ဖွဲ့စည်းခဲ့သည်။
JMC ကို ဒေသဆိုင်ရာ အဆင့်ဆင့် ပြည့်စုံစွာဖွဲ့စည်းနိုင် ရန် NCA ရေးထိုးပြီးချိန်မှစ၍ အနိမ့်ဆုံး ၆ လခန့်ကြာနိုင်ကြောင်း ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ပါဝင်သူများက သုံးသပ်သည်။
JMC သည် NCA လက်မှတ်ရေးထိုးပြီး နိုင်ငံရေးဆွေးနွေးစဉ်ကာလ အတွင်းပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးခိုင်မာစေရန် စောင့်ကြည့်ရမည့် ပူးတွဲကော်မတီဖြစ်သည်။
No comments:
Post a Comment