Sunday, January 10, 2016
မိုဘိုင်းဖုန်း၊ ကြိုးဖုန်းတွေကို WeChat ကနေ ဖုန်းခေါ်ဆိုနိုင်ပြီ
Home / featured / မိုဘိုင်းဖုန်း၊ ကြိုးဖုန်းတွေကို WeChat ကနေ ဖုန်းခေါ်ဆိုနိုင်ပြီ
မိုဘိုင်းဖုန်း၊ ကြိုးဖုန်းတွေကို WeChat ကနေ ဖုန်းခေါ်ဆိုနိုင်ပြီ
Staff Writer 19:00 featured
တရုတ် messaging app WeChat ဟာ အခုဆိုရင် ဈေးကွက်အတွင်း နယ်ပယ်သစ်ချဲ့ ထွင်တဲ့အနေနဲ့  မိုဘိုင်းဖုန်း၊ ကြိုးဖုန်းတွေကို WeChat ကနေ ဖုန်းခေါ်ဆိုနိုင်မယ့် ၀န်ဆောင်မှုအသစ်တစ်မျိုးကို သုံးစွဲသူတွေထံ စတင်ပေးအပ်လိုက်ပြီဖြစ်ပါတယ်။
WeChat Out လို့ အမည်ပေးထားတဲ့၊ ယခုဝန်ဆောင်မှုအသစ်ဟာ Viber တို့ Skype တို့ က လက်ရှိဝန်ဆောင်မှုပေးထားတဲ့ အင်တာနက်ရှိရုံနဲ့ တစ်ကမ္ဘာလုံးအနှံ့ ဖုန်းခေါ်ဆိုနိုင်တဲ့ ၀န်ဆောင်မှုမျိုးနဲ့ ပုံစံတူပြီး လက်ရှိမှာ အမေရိကန်၊ ဟောင်ကောင်နဲ့ အိန္ဒိယနိုင်ငံတွေမှာသာ အသုံးပြုနိုင်ဦးမှာဖြစ်ပေမယ့် မကြာမီအချိန်အတွင်းမှာ နိုင်ငံ၊ဒေသအများအပြားကို ထပ်မံတိုးချဲ့ ပေးသွားမှာဖြစ်တယ်လို့ WeChat က ကတိပေးထားပါတယ်။
နှစ်သစ်ကူးလက်ဆောင်အနေနဲ့ သုံးစွဲသူတွေအတွက် WeChat Out ကနေ ဖုန်းခေါ်ဆိုဖို့  ဖုန်းငွေ ၀.၉၉ ဒေါ်လာ မေတ္တာလက်ဆောင် ထည့်ပေးထားပြီး ကုမ္ပဏီရဲ့ပြောကြားချက်အရ မိနစ် ၁၀၀ လောက် ဖုန်းအခမဲ့ ခေါ်ဆိုနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။
တရုတ်အင်တာနက်ကုမ္ပဏီကြီး Tencent က ပိုင်ဆိုင်တဲ့ WeChat ကို ၂၀၁၁ ခုနှစ်က စတင်လွှင့်တင်ခဲ့တာဖြစ်ပြီး အရှိန်အဟုန်နဲ့ လူကြိုက်များလာခဲ့ကာ ယခုအခါ ပုံမှန်သုံးစွဲသူ ပေါင်း သန်း ၆၀၀ လောက်ရှိနေပြီလို့ သိရပါတယ်။ဒီပမာဏဟာ Skype သုံးစွဲသူပမာဏ စုစုပေါင်းထက် နှစ်ဆကျော် ပိုမိုများပြားပြီး Viber ထက် ခြောက်ဆနီးပါးပိုမိုများပြားပါတယ်။
တကယ်လို့ သင့်ရဲ့ WeChat app ဟာ WeChat Out ခလုတ်ကို မတွေ့ ရသေးဘူးဆိုရင်တော့၊ Google Play Store ၊ Apple App Store တို့ ကနေ update ထွက်ပြီလားဆိုတာ သွားကြည့်ပြီး ဒေါင်းလုဒ်ရယူနိုင်ပါတယ်။
ဗထူးနယ်က(သတင်းစုံ)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment