.label-size:hover { border:1px solid #6BB5FF; text-decoration: none;-moz-transition: all 0.5s ease-out; -o-transition: all 0.5s ease-out; -webkit-transition: all 0.5s ease-out; -ms-transition: all 0.5s ease-out; transition: all 0.5s ease-out; -moz-transform: rotate(7deg); -o-transform: rotate(7deg); -webkit-transform: rotate(7deg); -ms-transform: rotate(7deg); transform: rotate(7deg); filter: progid:DXImageTransform.Microsoft.Matrix( M11=0.9961946980917455, M12=-0.08715574274765817, M21=0.08715574274765817, M22=0.9961946980917455, sizingMethod='auto expand'); zoom: 1; } .label-size a { text-transform: uppercase; float:left; text-decoration: none; }.label-size a:hover { text-decoration: none; }

Thursday, January 21, 2016

မိခင်ရဲ့  ရင်ခွင်ပိုက်ထိန်းသိမ်းစောင့်ရှောက်မှုဟာ မွေးကင်းစ ကလေးငယ်တွေ ကို ပိုမိုကျန်းမာစေ


နှစ်စဉ် ကမ္ဘာတစ်ဝှမ်းက ကလေးငယ် ၄ သန်းခန့်ဟာ သူတို့ရဲ့ မွေးမွေးချင်း ပထမဆုံးလမှာ ပဲ ဆုံးပါးသွားကြပါတယ်။ ကိုယ်အလေးချိန်မပြည့်မှီသော ကလေးများ နဲ့ လမစေ့ခင် ကြိုမွေးသော ကလေးတွေဟာ သေဆုံးမှု နှုန်းမှာ အများဆုံးပါဝင်နေတယ်လို့လည်း သိရပါတယ်။

အဲဒီလို သေဆုံးမှုနှုန်းများတဲ့ မွေးကင်းစ ကလေးတွေအသက်ရှင်နိုင်ဖို့အတွက် အသုံးပြုရတဲ့ Incubator တွေလို ကျန်းမာရေးနည်းပညာများဟာလည်း ဖွံ့ဖြိုးဆဲ နိုင်ငံတွေမှာ ကျယ်ပြန့်စွာ အသုံးမပြုနိုင်ကြသေးပါဘူး။ ဒါကြောင့် ဆရာဝန်တွေကို အဲဒီလို နိုင်ငံတွေမှာ ရှိနေတဲ့ မိခင်တွေအနေနဲ့ သူတို့ရဲ့  မွေးကင်းစ ကလေးငယ်တွေကာကွယ်ဖို့ အကောင်းဆုံးနည်းလမ်းဟာ ရင်ခွင်ပိုက် ထိန်းသိမ်းခြင်းပဲ ဖြစ်တယ်လို့ တိုက်တွန်းပြောဆိုလိုက်ပါတယ်။

ဟားဗတ်ဒ် တက္ကသိုလ်နဲ့ ဘော်စတွန် ကလေးဆေးရုံ တို့မှာရှိတဲ့ သိပ္ပံပညာရှင်တွေ ရှာဖွေတွေ့ ရှိခဲ့ကြတာကတော့ ရင်ခွင်ပိုက် ကလေးထိန်းခြင်းဟာ ကိုယ်အလေးချိန်ပြည့်ပြီး နေ့စေ့လစေ့ မွေးလာတဲ့ ကလေးတွေအပေါ်မှာတော့ ကောင်းမွန်တဲ့ သက်ရောက်မှုတွေရှိတယ်ဆိုတာကို တွေ့ခဲ့ကြပါတယ်။

သူတို့ဟာ ကိုယ်အလေးချိန် ၄.၄ ပေါင်နဲ့ အောက်မှာရှိတဲ့ မွေးကင်းစကလေးငယ်တွေကို လေ့လာခဲ့တာဖြစ်ပါတယ်။ သိပ္ပံပညာရှင်တွေ တွေ့ခဲ့တာကတော့ မိခင်တွေရဲ့  ရင်ခွင်ပိုက်ထိန်းသိမ်းမှု ကိုခံယူပြီးတဲ့အခါမှာ ထိုကလေးတွေဟာ သေဆုံးနိုင်ချေ ၃၆ ရာခိုင်နှုန်းလျော့နည်းသွားတယ်ဆိုတာပါပဲ။ ဒါ့အပြင် ရင်ခွင်ပိုက်ထိန်းသိမ်း စောင့်ရှောက်မှုခံယူခဲ့ရတဲ့ ကလေးတွေဟာ ရောဂါပိုးဝင်ရောက်ခြင်း နဲ့ ရောဂါပိုးကူးစက်ခြင်းတို့မှလည်း ၄၇ ရာခိုင်နှုန်း လျော့နည်းသွားခဲ့ပါတယ်။

အဲဒီလို ရင်ခွင်ပိုက်ထိန်းသိမ်းခံရတဲ့ ကလေးငယ်တွေဟာ ရင်ခွင်ပိုက် ထိန်းသိမ်းခြင်း မရှိတဲ့ ကလေးတွေထက်လည်း အောက်ဆီဂျင် ရရှိမှု ပမာဏ ပိုများပြီး နာကျင်မှု ခံစားရခြင်းလည်း ပိုနည်းတယ်ဆိုတာကိုတွေ့ခဲ့ရပြန်ပါတယ်။

ဒီသုတေသန ကို Save the Children အဖွဲ့အစည်းမှ ရန်ပုံငွေထောက်ပံ့ပေးကာ Pediatrics ဂျာနယ်မှာ ပုံနှိပ်ဖော်ပြခဲ့ပါတယ်။

No comments: