အိန္ဒိယနိုင်ငံ ဟိမဝန္တာတောင်တန်း၊ LADAKH ပြည်နယ် မြို့တော် LEH မြို့၊ HEMIS ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်းတွင် သီတင်းသုံး ပူဇော်ခံလျှက်ရှိသော အရိုးဓာတ်တော် လေးဆူအနက် အကြီးဆုံး အရိုးဓာတ်တော်တစ်ဆူကို ပင့်ဆောင်လာရာ ဇန်နဝါရီလ ၂၁ ရက် နံနက် ၁၁ နာရီ ၃၀ မိနစ်က မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ပင့်ဆောင်လာသည်ကိုတွေ့ရသည်။
ထိုမှတဆင့် သီတဂူဗုဒ္ဓတက္ကသိုလ်သို့ ပင့်ဆောင်ပူဇော်သွားမှာဖြစ်ပြီး၂၂ ရက်နေ့တွင် စစ်ကိုင်းကောင်းမှုတော်စေတီ၌ လည်းကောင်း၊ ၂၃ရက်နေ့တွင် မန္တလေးမြို့ မဟာမုနိဘုရား၌လည်းကောင်း၊ ၂၄ရက်နေ့တွင် မန္တလေးမြို့ အတုမရှိကျောင်းတော်၌လည်းကောင်း၊၂၅ရက်နေ့တွင် နေပြည်တော် ဥပ္ပာတသန္တိစေတီတော်၌လည်းကောင်း၊ ၂၆ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး အုတ်ဖိုမြို့ ဥတိုမြို့သစ်၌လည်းကောင်း၊ ၂၇ရက်နေ့မှ ၂၉ ရက်နေ့အထိ ရန်ကုန်မြို့ ရွှေတိဂုံစေတီတော်၌လည်းကောင်း သီတင်းသုံးပူဇော်ခံပြီး အိန္ဒိယနိုင်ငံသို့ ပြန်ကြွမည်ဖြစ်သည်။
(ဓာတ်ပုံ - အောင်ကိုဦး၊ မဇ္ဈိမ)
No comments:
Post a Comment