အင်ပင်ရဲစခန်း ရဲသက်သာ စိုက်ခင်းတွင် မူးယစ်ရမ်းကားမှုဖြင့် ဖမ်းဆီးခြင်း ခံထားရသူ တစ်ဦးအား စိုက်ခင်း အလုပ်ခိုင်း နေစဉ် တာဝန်ကျ ရဲတပ်ကြပ်အား ပေါက်တူးဖြင့် ခုတ်၍ ထွက်ပြေးခဲ့သဖြင့် အခုတ်ခံရသူ ရဲတပ်ကြပ်အား ရန်ကုန် ဆေးရုံသို့ ပို့ဆောင်စဉ် အင်္ဂပူမြို့နယ်တွင် သေဆုံးခဲ့ကြောင်း အင်ပင်ရဲစခန်းမှ
သိရသည်။
“ဖြစ်စဉ်က အမှန်ပါ၊ သေဆုံးခဲ့တဲ့ သူက ရဲတပ်ကြပ် ရဲမြင့်ပါ” ဟု အင်ပင်ရဲစခန်းမှူးရဲအုပ် မင်းသက်လွင်က ပြောသည်။
ပေါက်တူးဖြင့် ခုတ်ခဲ့သူ ကိုအောင်ကျော်ဝင်းကို ရွာသားများဝိုင်းဝန်း ဖမ်းဆီးပေးမှုကြောင့် အင်ပင်ရဲစခန်းအပိုင် ကုန်းကြီးကျေးရွာ လယ်ကွင်းထဲတွင် ဖမ်းဆီးမိခဲ့ကြောင်း အင်ပင်ရဲစခန်းမှ သိရသည်။
ဖြစ်စဉ်မှာ မြန်အောင်မြို့နယ်၊ စမ်းရွာကြီးကျေးရွာတွင် နေထိုင်သူ အောင်ကျော်ဝင်းနှင့် အတူ အခြားအချုပ်သား တစ်ဦးကို အင်ပင်ရဲစခန်းရှေ့ ရဲသက်သာစိုက်ခင်းတွင် အလုပ်ခိုင်းနေစဉ် အောင်ကျော်ဝင်းက ရဲတပ်ကြပ်နှင့် အတူ လုပ်ကိုင်နေသူ အချုပ်သား နှစ်ဦးစလုံးအား ပေါက်တူးဖြင့်ခုတ်ကာ ထွက်ပြေးခဲ့ခြင်း ဖြစ်သည်။
No comments:
Post a Comment