
သည် သူမနေထိုင်ရာအခန်း ထုပ်တန်းပေါ်မှ ကြိုးဆွဲချ သေဆုံးနေကြောင်း
သိရသည်။
“မဇင်မာအလုပ်မဆင်းတာရက်ကြာနေတာနဲ့ သူ့အခန်းကို သွား
ကြည့်တာ.. ဆွဲကြိုးချသေဆုံးနေလျက်သာတွေ့ရတာ” ဟု အဆိုပါ
စက်ရုံမှ အလုပ်သမားတစ်ဦးပြောသည်။
ပဲခူးတိုင်၊ နတ်တလင်းမြို့နယ် ဇီးပင်ကွေ့ကျေးရွာအုပ်စု
ကျောင်းကုန်းကျေးရွာနေ အဖ ဦးစံထွန်း၏ သမီးဖြစ်သူ
မဇင်မာ ကြိုးဆွဲချ သေဆုံးရသည့်အကြောင်းရင်မှာ....
“မဇင်မာသေဆုံးရတဲ့အကြောင်းက လူမှုရေးကိစ္စကြောင့်
အခုလိုဖြစ်သွားရတာ..မဇင်မာက တင်မိုးလွင်ဆိုတဲ့အလုပ်သမား
တစ်ယောက်နဲ့ အိမ်ထောင်ကျတယ်... သူမမှာ ကိုယ်ဝန်၂လရှိနေ
ချိန်မှာ....ကောင်လေးမှ ယခင်အိမ်ထောင်ရှိနေတယ်ဆိုတော့
သူ့ရဲ့မယားကြီးထံပြန်သွားတော့ မဇင်မာလည်း စိတ်ထိခိုက်ပြီး..
နောက်ဆုံး သူ့ကိုယ်သူ သက်သေသွားတာပါ” MAT ဘန်ကောက်ရုံ
တာဝန်ခံ ကိုစိုင်းအေးမှ ပြောသည်။
ကွယ်လွန်သူမဇင်မာ၏ မြန်မာနိုင်ငံ ရှိ မိသားစုများနှင့်
ယနေ့ထိ အဆက်သွယ်မရသည့်အတွက် ကူညီဆက်သွယ်ပေးရန် ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအဖွဲ့(MAT)မှ မေတ္တာရပ်ခံ
ထားကြောင်းသိရသည်။
ယနေ့၌ ကွယ်လွန်သူ မဇင်မာ၏ ကြွင်းကျန်သည့် ရုပ်အလောင်းကို
ထုမ့်ခေါ့ဗိုလ်ဆုဖမ်းရပ်ကွက်ရှိ ထိုင်းဘုန်းတော်ကြီးကျောင်း၌
မီးသင်္ဂြိုဟ်ခဲ့ကြောင်းသိရပါသည်။
မဇင်မာ၏ မိသားစုများ ဆက်သွယ်မေးမြန်းရန်
Ph 099-1121179.
098-9304487
No comments:
Post a Comment