.label-size:hover { border:1px solid #6BB5FF; text-decoration: none;-moz-transition: all 0.5s ease-out; -o-transition: all 0.5s ease-out; -webkit-transition: all 0.5s ease-out; -ms-transition: all 0.5s ease-out; transition: all 0.5s ease-out; -moz-transform: rotate(7deg); -o-transform: rotate(7deg); -webkit-transform: rotate(7deg); -ms-transform: rotate(7deg); transform: rotate(7deg); filter: progid:DXImageTransform.Microsoft.Matrix( M11=0.9961946980917455, M12=-0.08715574274765817, M21=0.08715574274765817, M22=0.9961946980917455, sizingMethod='auto expand'); zoom: 1; } .label-size a { text-transform: uppercase; float:left; text-decoration: none; }.label-size a:hover { text-decoration: none; }

Saturday, January 9, 2016

ပုသိမ်ကန်သာယာအပန်းဖြေကစားကွင်း ၀န်ထမ်းလိုင်းခန်း မီးလောင်မှုဖြစ်ပွား

ပုသိမ်မြို့ အမှတ်(၃) ရပ်ကွက် ကန်သာယာအပန်းဖြေကစားကွင်း အတွင်းရှိ ဝန်ထမ်းလိုင်းခန်း၌ ဇန်နဝါရီ ၉ ရက် ညနေ ၃ နာရီ မိနစ်၂ဝ က မီးလောင်မှုဖြစ်ပွားကြောင်း သိရ သည်။
အဆိုပါသတင်းအရ ဧရာဝတီ တိုင်းဒေသကြီး မီးသတ်ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ရဲဗလ ဦးမျိုးဝင်းဦးဆောင်သော မီးသတ် ဦးစီးဌာနမှ ပုသိမ်မြို့နယ် မီးသတ် ယာဉ်နှစ်စီး၊ နယ်မြေမီးသတ်စခန်းမှမီးငြှိမ်းသတ်ယာဉ်နှစ်စီး၊ ငဝန်ကျွန်း သာနယ်မြေ မီးသတ်စခန်းမှ မီးငြှိမ်း သတ်ယာဉ်နှစ်စီး၊ ကွပ်ကဲရေးယာဉ် တစ်စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင် ၂ဝ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင် ၂ဝ၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်မှ မီးသတ်ယာဉ်တစ်စီးနှင့် ရပ်ကွက်ေ နေပြည်သူများ ဝိုင်းဝန်းငြှိမ်းသတ်မှု ကြောင့် ညနေ ၃ နာရီ မိနစ် ၅ဝ တွင် လုံးဝမီးငြိမ်းသွားကြောင်း သိရသည်။

မီးလောင်မှုနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးရာ၌ ဇန်နဝါရီ ၉ ရက် ညနေ ၃ နာရီ မိနစ် ၂ဝ က ကန်သာယာအပန်းဖြေကစားကွင်းရှိ ဝန်ထမ်းများအနားယူနေသည့် ပေ (၁၅x၃ဝ) ဝန်ထမ်းလိုင်းခန်းနေအိမ်၌ မီးဖွင့်ထားသော လေးပေမီးချောင်း အပူလွန်ကဲရာမှ ဘေးထရံအကာသို့ ကူးစက်လောင်ကျွမ်းပြီး အနီးရှိ သွပ်မိုးပျဉ်ကာ နေအိမ် လေးလုံးသို့ မီးကူးစက်လောင်ကျွမ်းခဲ့ကြောင်း သိရသည်။

အဆိုပါ မီးလောင်မှုကြောင့် ဝန်ထမ်းနေအိမ်လေးလုံးမှ အမျိုး သား ၂ဝ၊ အမျိုးသမီး ၁၂ ဦး စုစု ပေါင်း ၃၂ ဦးတို့အား ကန်သာယာ အပန်းဖြေ ကစားကွင်းအတွင်းရှိ လူနေအိမ်များ ၌ တာဝန်ရှိသူများက ထိန်းသိမ်း စောင့်ရှောက်ထားသည်။

မီးလောင်မှုနှင့် ပတ်သက်၍ ကစားကွင်းတာဝန်ခံ ဦးဇော်ဌေးကို ပုသိမ်မြို့မရဲစခန်းက အရေးယူထား ကြောင်း သိရသည်။
                                                            ဗထူးနယ်က(သတင်းစုံ)

No comments: