နေပြည်တော်မှာ ကျင်းပမယ့် ဒုတိယအကြိမ်လွှတ်တော် ပုံမှန်အစည်းအဝေးတွေကို တက်ရောက်မယ့် ကိုယ်စားလှယ်တွေ အဆင်ပြေစွာနေနိုင်ဖို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ သူရဦးရွှေမန်းတို့ ဇန်န၀ါရီလ ၂၁ ရက် နေ့ နံနက်ပိုင်းက နေပြည်တော်ရှိ စည်ပင်ဧည့်ရိပ်သာကို သွားရောက် စစ်ဆေးမှုပြုလုပ်ခဲ့ပါတယ်။
ဒီလိုစစ်ဆေးပြီး အသစ်ရောက်ရှိလာမယ့် လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ တည်းခိုနေထိုင်မှုတွေ၊ လုံခြုံ ရေး၊ သွားလာရေးတွေအတွက် စည်ပင်ဧည့်ရိပ်သာရှိတာဝန်ရှိသူတွေနဲ့ ညှိနှိုင်းဆောင်ရွက်ခဲ့ပါတယ်။ ဒီလိုညှိ နှိုင်းရာမှာ ကိုယ်စားလှယ်တွေရဲ့ လုံခြုံရေးအတွက် လိုအပ်ပါက မြန်မာနိုင်ငံရဲတပ်ဖွဲ့နဲ့ ညှိနှိုင်းဆောင်ရွက်မယ် လို့ ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက ပြောကြားခဲ့ပါတယ်။ ရုပ်သံကြည့်ရန် ဒီမှာ နှိပ့်ပါ
No comments:
Post a Comment