.label-size:hover { border:1px solid #6BB5FF; text-decoration: none;-moz-transition: all 0.5s ease-out; -o-transition: all 0.5s ease-out; -webkit-transition: all 0.5s ease-out; -ms-transition: all 0.5s ease-out; transition: all 0.5s ease-out; -moz-transform: rotate(7deg); -o-transform: rotate(7deg); -webkit-transform: rotate(7deg); -ms-transform: rotate(7deg); transform: rotate(7deg); filter: progid:DXImageTransform.Microsoft.Matrix( M11=0.9961946980917455, M12=-0.08715574274765817, M21=0.08715574274765817, M22=0.9961946980917455, sizingMethod='auto expand'); zoom: 1; } .label-size a { text-transform: uppercase; float:left; text-decoration: none; }.label-size a:hover { text-decoration: none; }

Saturday, January 30, 2016

ပုဒ်မ ၅၉ (စ)၊ လူထုသမ္မတနှင့် စိန်ခေါ်မှုများ


၂၀၁၆ ဖေဖော်ဝါရီ ၁ ရက်အလွန် လွှတ်တော်နိုင်ငံရေးတွင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၅၉ (စ) ကို ပြင်ဆင်နိုင်မည် ဆိုလျှင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် လူထုသမ္မတဖြစ်လာမည့်အပြင် တိုင်းရင်းသားပြည်သူလူထုနှင့် နိုင်ငံတကာ အသိုင်းအ၀ိုင်းအနေဖြင့် မြန်မာ့ဒီမိုကရေစီ အပြောင်းအလဲအပေါ် ပို၍ပို၍ ထောက်ခံ ယုံကြည်လာမည်မှာ ဧကန်မုချဖြစ်သည်။ အကယ်၍ ပုဒ်မ ၅၉ (စ) ပြင်ဆင်နိုင်ရေး နှောင့်နှေးကြန့်ကြာနေမည်ဆိုလျှင် ဒေါ်အောင်ဆန်းစုကြည် အား လူထုသမ္မတအဖြစ် ရှေ့တန်းတင်လျက် ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးကို မောင်းနှင် ဖော်ဆောင်နိုင်မည့် အခွင့်အရေးသည် ရေစုန်မျောကိန်းဆိုက်မည် ဖြစ်သည်။
ပုဒ်မ ၅၉ (စ) ပြင်ဆင်ရေးသည် လွယ်မယောင်နှင့်ခက်၊ တိမ်မယောင်နှင့် နက်သည့်သဘောဆောင်၏။ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များက မထောက်ခံလျှင် ပုဒ်မ ၅၉ (စ) အပါအ၀င် မည်သည့်ပုဒ်မပင်ဖြစ်စေ၊ ပြင်ဆင်နိုင်ခြေမရှိပေ။ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များကို ရွေးချယ်ခန့်အပ်တာဝန်ပေးသည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏  အခန်းကဏ္ဍကလည်း သော့ချက်ကျသည်။ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များ၏ ဆန္ဒမဲလားရာသည် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် မြင့်မြင့်မားမားဆက် စပ်လျက်ရှိနေသည်ဟု သုံးသပ်နိုင်သည်။
 ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ နိုင်ငံရေးဇာတ်ပေါင်းထုပ်သည့် လွှတ်တော်များ နှင့် အစိုးရများသည် နိုင်ငံရေးစာ ခြောက်ရုပ်များသက်သက်သာ ဖြစ်နေသည်မှာ လယ်ပြင်မှာ ဆင်သွားသလို ထင်ရှားပြီး ဖြစ်သည်။
၂၀၁၅ ရွေးကောက်ပွဲအလွန် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ဒေါ်အောင်ဆန်းစုကြည်အ ကြား တွေ့ဆုံဆွေးနွေးမှုများ၊ တပ်မတော်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အကြား ဆက်သွယ်ညှိ နှိုင်းမှုများသည် မြန်မာ့ဒီမိုကရေစီ အပြောင်းအလဲတွင် ဗျူဟာ မြောက်အရေးပါသော ခြေလှမ်းများပင် ဖြစ်သည်။ ပြည်သူလူထု နှင့် နိုင်ငံတကာအသိုင်းအ၀ိုင်း၏ မြန်မာ့ဒီမိုကရေစီအပြောင်းအလဲ အပေါ် စိတ်ဝင်စားမှုသည် တပ်မ တော်နှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အကြား နိုင်ငံရေးဆက် သွယ်ပေါင်းကူးမှုများနှင့် ဆက်စပ်နေသည့်အလျောက်  ဗိုလ်ချုပ်မှူး ကြီး မင်းအောင်လှိုင်နှင့် ဒေါ် အောင်ဆန်းစုကြည်တို့ အကြား တွေ့ဆုံဆွေးနွေးမှုများသည် ပြည် သူနှင့် နိုင်ငံတကာ၏ စိတ်ဝင်စား မှုကို မြင့်တက်စေခဲ့သည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဒေါ်အောင်ဆန်းစုကြည် အကြား ပုံမှန်တွေ့ဆုံဆွေးနွေးမှု များကို အကြောင်းပြုလျက် ယုံ ကြည်မှုနှင့် နားလည်မှု ပိုမိုတည် ဆောက်လာနိုင်မည်ဆိုလျှင် အ ပြောင်းအလဲသည် အကြောင်းလွဲ စရာနည်းလာမည် ဖြစ်သည်။ ပုဒ်မ၅၉ (စ) အပါအ၀င် ပြည်သူလူထု ကို ၀န်ထုပ်ဝန်ပိုးဖြစ်စေသည့် ပုဒ်မများ ပြင်ဆင်ရေးတွင် တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ် များအနေဖြင့် တိုင်းရင်းသားပြည် သူလူထုအများစုနှင့် တစ်သား တည်းရပ်တည်လျက် ထောက်ခံ မဲပေးလာနိုင်မည်ဆိုလျှင်  လာမည့်အစိုးရနှင့် လွှတ်တော်နေ့ရက်များသည် စိတ်လှုပ်ရှားဖွယ်ကိစ္စများ နှင့် ပြည့်နှက်ကာ နိုင်ငံတကာအ သိုင်းအ၀ိုင်းကို မြင့်မြင့်မားမားဆွဲ ဆောင်လာနိုင်ခြေရှိသည်။
မည်သို့ပင်ဆိုစေကာမူ လတ်တလောဖြစ်ပေါ်တိုးတက်မှုများအရ တပ်မတော်အနေဖြင့် ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၅၉ (စ) ပြင် ဆင်မှု သို့မဟုတ် ပုဒ်မ ၅၉ (စ) ခြွင်းချက်ဖြည့်စွက်မှုကို ပြည်ထောင်စုလွှတ်တော်တွင် ထောက်ခံအတည်ပြုရန် သေချာနေပြီဟု ကောက်ချက်ပြုရန် စောလွန်းဦးမည် ဖြစ်သည်။
 သို့လောသို့လော အခင်းအကျင်းများနှင့်အတူ ကောလာဟလများ၊ မှန်းဆချက်များကသာ လွှမ်းမိုးနေဆဲ ဖြစ်သည်။ တပ်မတော်က ၅၉ (စ) ပြင်ဆင်ရေးကို ထောက်ခံ အတည်မပြုသရွေ့ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် သမ္မတဖြစ်ရေး အလှမ်းဝေးနေဦး မည် ဖြစ်သည်။ အကယ်စင်စစ် ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်နိုင်၊ မဖြစ်နိုင်သည် ဖွဲ့စည်းပုံ အခြေခံဥပဒေအကျပ်အတည်း နှင့် ဆက်စပ်နေသော စိန်ခေါ်မှုပင်ဖြစ်သည်။ ဖွဲ့စည်းပုံအခြေခံဥပ ဒေပုဒ်မ ၅၉ (စ) ကို ပြင်ဆင်လျက် ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်လာမည်ဟု နိုင်ငံရေးအရ ခန့်မှန်း၊ အကဲဖြတ်ချက်များသည် အကဲဆက်လွန်းသော မျက်မှောက်နိုင်ငံရေးအခင်းအကျင်းတွင် အကောင်းမြင်လွန်းရာကျနိုင်ပြီး ယထာဘူတကင်းလွတ်နိုင်သည်ကို သတိကြီးကြီးထားသင့်သည်။ လေ့လာဆန်းစစ်၊ သုံးသပ်အကဲဖြတ်ချက်မှားယွင်းပါက အကျိုးဆက်အဖြစ် အစီအမံနှင့် ဗျူဟာများခင်းကျင်းရာတွင် တလွဲတချော်ဖြစ်တတ်သည်ကို ဆင်ခြင်သင့်သည်။
တပ်မတော်သည် ၅၉ (စ) ပြင်ဆင်ရေးကိစ္စကို တပ်မတော် နှင့် တိုင်းရင်းသားပြည်သူလူထု အကြား ယုံကြည်မှု၊ နားလည်မှု တည်ဆောက်ရေး၊ အရပ်ဘက်-စစ်ဘက်ဆက်ဆံရေး ပိုမိုအား ကောင်းရေးတို့အတွက် အခွင့်အ လမ်းကောင်းကြီးတစ်ခုအဖြစ် ချဉ်းကပ်ရှုမြင်လာနိုင်မည်ဆိုလျှင် ၅၉ (စ) ပြင်ဆင်ရေးသည် အလုပ်ဖြစ် လာနိုင်ဖွယ်ရှိသည်။ တိုင်းရင်း သားပြည်သူလူထုအများစုက ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတ ဖြစ်စေချင်နေသည့် အခင်းအ ကျင်းတွင် တပ်မတော်အနေဖြင့် ၅၉ (စ) ပြင်ဆင်ရေးကို ပွင့်ပွင့် လင်းလင်းထောက်ခံလာနိုင်မည် ဆိုလျှင် ပြည်သူကို ပိုမိုထိထိ ရောက်ရောက်မျက်နှာမူလာနိုင် မည်မှာ မြေကြီးလက်ခတ်မလွဲပင် ဖြစ်သည်။ တပ်မတော်သည် ပုဒ်မ၅၉ (စ)ကိစ္စကို အခွင့်အလမ်းဟု မမြင်၊ စိုးရိမ်ရေမှတ်ဟုမြင်နေပါ က ဒေါ်အောင်ဆန်းစုကြည်သမ္မတဖြစ်ရေးသည် သောင်မတင်ရေမ ကျဖြစ်နေမည့်အပြင် နိုင်ငံရေး အကျပ်အတည်းများသည်လည်း ပိုနေမြဲ ကျားနေမြဲရှိနေဦးမည် ဖြစ်သည်။
တပ်မတော်အနေဖြင့် ပုဒ်မ ၅၉ (စ)ပြင်ဆင်မှုကို စိုးရိမ်ကြီး စရာမရှိဟု ယေဘုယျသုံးသပ်နိုင် သည်။ ပုဒ်မ ၅၉ (စ)ကို ပြင်ဆင် ပြီး ဒေါ်အောင်ဆန်းစုကြည်သမ္မတဖြစ်လာမည်ဆိုပါက တိုင်းပြည်နှင့် ပြည်သူလူထုအတွက် အကျိုးများစေနိုင်သည်သာမက တပ်မတော်အတွက်လည်း အကျိုးများစေမည်သာ ဖြစ်သည်။ ခေတ်မီတပ်မတော်တည်ဆောက်ရေးနှင့် တပ်မတော်အဆင့်မြှင့်တင်ရေး လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ နိုင်ငံတကာအသိုင်းအ၀ိုင်း၏ အကူအညီများ၊ ပူးပေါင်းဆောင်ရွက်မှုများသည် ဒလဟော ၀င်ရောက်လာနိုင်ဖွယ်ရှိသည်။ ပုဒ်မ၅၉ (စ) ကို ပြင်ဆင်ပြီး ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်လာလင့်ကစား ဖွဲ့စည်းပုံအခြေခံဥပဒေပါပြဋ္ဌာန်းချက်များနှင့်အညီ အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီတွင် တပ်မတော်ကာကွယ်ရေးဦး စီးချုပ်ကခန့်အပ်သူများက အသာစီးရနေသည့်အလျောက် တပ်မတော်အနေဖြင့် စိုးရိမ်ဖွယ်ရာမရှိ နိုင်ဟုသုံးသပ်မှုများလည်းရှိနေသည်။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီဝင် (၁၁)ဦးအနက် ခြောက်ဦးကို ဖွဲ့ စည်းပုံအခြေခံဥပဒေပြဋ္ဌာန်းချက် များနှင့်အညီ အမည်စာရင်းတင် သွင်းနိုင်ခွင့်ရရှိပြီး ဖြစ်သည့်အ လျောက် အစဉ်အမြဲအသာစီးရ နေပြီး ဖြစ်သည်မှာ ငြင်းမရသော အချက်ပင် ဖြစ်သည်။
ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၅၉ (စ) ကို ဆိုင်းငံ့နိုင်မည်ဆို လျှင်လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည့် နိုင်ငံတော်သမ္မတအဖြစ် ရွေးကောက် တင်မြှောက်ခံနိုင်မည်ဟူသော သုံး သပ်ချက်များသည် စိတ်ကူးယဉ်ဆန်လွန်းသည်။ ပြည်ထောင်စု လွှတ်တော်အနေဖြင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေပါပုဒ်မတစ်ရပ်ကို ဆိုင်းငံ့နိုင်ခွင့်ရှိ၊မရှိ ဦးစွာဆန်းစစ်ရမည်ဖြစ်သည်။ ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ်အများစု၏ ထောက်ခံမှုနှင့်ပုဒ်မ၅၉ (စ)ကို ဆိုင်းငံ့နိုင်မည်ဆိုလျှင် ပုဒ်မ ၄၃၆ အပါအ၀င် ဖွဲ့စည်းပုံအခြေခံဥပဒေပါပုဒ်မတိုင်းကို ဆိုင်းငံ့လာနိုင်မည်ဖြစ်သည်။
သို့ဖြစ်၍ ပုဒ်မ ၅၉ (စ) ဆိုင်းငံ့ခြင်းထက် ပုဒ်မ ၅၉ (စ)ကို ပြင်ဆင်ခြင်း၊ပုဒ်မ ၅၉ (စ) ကို ခြွင်းချက်ဖြည့်စွက်ခြင်းတို့သည်သာ အလုပ်ဖြစ်နိုင်ခြေများသည်ဟု ယေဘုယျ သုံးသပ် နိုင်သည်။
   အချုပ်ဆိုရသော် တပ်မ တော်အနေဖြင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေအကျပ်အတည်းနှင့် ဆက် စပ်နေသည့် ပုဒ်မ ၅၉ (စ) အကျပ် အတည်းကိစ္စကို ပြည်သူလူထု ကို မျက်နှာမူလျက် ပြင်ဆင်နိုင် ရေး ထောက်ခံသဘောတူလာ မည်ဆိုလျှင် ၁၉၆၂ အာဏာသိမ်း မှုနောက်ပိုင်း နှစ်ပေါင်း ငါးဆယ် ကျော် ကာလအတောအတွင်း ဒေါ်အောင်ဆန်းစုကြည်သည် ပထမဆုံး လူထုသမ္မတအဖြစ် သမိုင်းမှတ်တိုင်သစ်စိုက်ထူလာ နိုင်ခြင်းနှင့်အတူ  မြန်မာ့ဒီမိုကရေ စီပြုပြင်ပြောင်းလဲရေးလမ်းကြောင်းကို ပိုမိုအားကောင်းမောင်းသန် လာစေမည့်အပြင် အရပ်ဘက်- စစ်ဘက်ဆက်ဆံရေး၊ ခေတ်မီ တပ်မတော်တည်ဆောက်ရေး၊ အမျိုးသားပြန်လည်ရင်ကြားစေ့ ရေး၊ တိုင်းရင်းသားသွေးစည်းညီ ညွတ်ရေးစသည့် စိန်ခေါ်မှုကြီး များကို သူလည်းနိုင်၊ ကိုယ်လည်း နိုင်ကျော်ဖြတ်နိုင်ရေး အကောင်း ဆုံးအထောက်အပံ့ဖြစ်လာစေနိုင် ပါကြောင်း မီးမောင်းထိုး တိုက် တွန်းဆော်သြလိုက်ရပါသည်။ 

No comments: