.label-size:hover { border:1px solid #6BB5FF; text-decoration: none;-moz-transition: all 0.5s ease-out; -o-transition: all 0.5s ease-out; -webkit-transition: all 0.5s ease-out; -ms-transition: all 0.5s ease-out; transition: all 0.5s ease-out; -moz-transform: rotate(7deg); -o-transform: rotate(7deg); -webkit-transform: rotate(7deg); -ms-transform: rotate(7deg); transform: rotate(7deg); filter: progid:DXImageTransform.Microsoft.Matrix( M11=0.9961946980917455, M12=-0.08715574274765817, M21=0.08715574274765817, M22=0.9961946980917455, sizingMethod='auto expand'); zoom: 1; } .label-size a { text-transform: uppercase; float:left; text-decoration: none; }.label-size a:hover { text-decoration: none; }

Monday, January 11, 2016

ရေတွင်းဟောင်းဆယ်ယူရာမှ လူငါးဦးသေဆုံး


ရခိုင်ပြည်နယ်(သံတွဲမြို့) အတူးကျေးရွာတွင် ရေတွင်းအတွင်း အညစ်အကြေးများ သန့်ရှင်းရေး လုပ်သူတစ်ဦး သတိမေ့သွားသည်ကို ဆင်းကယ်ရာမှ  လူငါးဦးတစ်ပြိုင်နက် သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။ဇန်န၀ါရီ ၉ ရက်ကအဆိုပါ ကျေးရွာမှ ရေတွင်းကိုသန့်ရှင်းရေး လုပ်ရန် လူ ၂၀ ဦးစုပေါင်းဆောင် ရွက်ခဲ့ခြင်းဖြစ်ကာ ပထမဦးစွာ ကန်ထဲဆင်းသူတစ်ဦးသည် အ သက်ရှူမ၀ဖြစ်ပြီး သတိမေ့သွား ရာ ၎င်းကိုကယ်ဆယ်ရန် နောက် ထပ်လေးဦး လိုက်ဆင်းရာ ယင်း လေးဦးစလုံးမှာလည်း သတိမေ့ မြောသွားပြီး သေဆုံးသွားခဲ့ကြောင်း သံတွဲမြို့နယ်ရဲစခန်းက အတည်ပြု ပြောကြားခဲ့သည်။

‘‘မီးစက်နှိုးပြီးရေတွင်းမှာရှိတဲ့ ရေတွေကိုစုပ်ထုတ်တယ်။ ရေကုန်တော့ အထဲမှာနုန်းတွေကျန် ခဲ့တယ်။ အဲဒီနုန်းတွေကို သန့်ရှင်းရေးဆင်းလုပ်တဲ့တစ်ယောက်က အသက်ရှူကျပ်လို့ အပေါ်ကို အကူအညီတောင်းလို့ ဆင်းကယ်တာပါ။ ဆင်းကယ်တဲ့ ငါးယောက်မှာ တစ်ဦးတော့ အသက်ရှင်တယ်။ ကျန်တဲ့သူတွေကတော့ သေဆုံးသွားပါတယ်’’ဟု အဆိုပါရဲအရာရှိကပြောသည်။

ရေတွင်းသန့်ရှင်းရေးပြုလုပ် ရန် ပထမဆုံးရေတွင်းထဲဆင်းသူ ရဲမင်းထွန်းသည် အသက်ရှူကျပ် သည့်အတွက် ၎င်းကို  ကျော်ဝင်း၊ အောင်တင်ဝင်း၊ စိုးမင်းပိုင်နှင့် မောင်ချမ်းသာတို့က ကယ်ဆယ်ရန် တွင်းအတွင်းဆင်းရာမှ ငါးဦးစလုံး သေဆုံးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

‘‘သူတို့နှစ်ယောက်ကိုတော့ အပေါ်ရောက်အောင် ကြိုးနဲ့တင် ပေးနိုင်တယ်။ ကျန်တဲ့သုံးယောက် ကတော့ ရေတွင်းထဲမှာပဲအသက် ဆုံးရှုံးသွားတယ်။ ကျွန်တော်တို့ ကတော့ အောက်ဆီဂျင်ပြတ်လပ် ပြီး သေဆုံးသွားတယ်လို့သုံးသပ် ပါတယ်’’ဟု သံတွဲမြို့မရဲစခန်းမှ ရဲအရာရှိကပြောသည်။

ရေတွင်းဟောင်းနှင့်အိမ်သာ တွင်းဟောင်းများ ဆယ်ယူတူး ဖော်မှုကြောင့် အသက်ရှူကျပ် သေဆုံးမှုများ မကြာခဏ ဖြစ်ပေါ် လျက်ရှိသည်။

ရေတွင်း၊ရေကန် တွင်းနက် များဆင်းသည့်အခါတွင် အဆိုပါ တွင်းအတွင်းရှိ လေများကို အပြင် သို့ရောက်ရှိရန် ဦးစွာလုပ်ဆောင် သင့်ပြီး အောက်ဆီဂျင်ရှိ၊မရှိ စမ်းသပ်ရန်လိုအပ်ကြောင်း ဒေါက်တာကျော်စွာကပြောကြားသည်။

‘‘အရင်တုန်းကတော့ သံပုန်း ထဲ ဖယောင်းတိုင်ထည့်ပြီး အောက်စီဂျင်ရှိ၊မရှိ စမ်းသပ် တယ်။ ဒါပေမဲ့ ဒီနည်းကလည်း စိတ်မချရပါဘူး။ အတတ်နိုင်ဆုံး တွင်းထဲမှာရှိတဲ့လေကို အရင်ဆုံး အပြင်ကို မှုတ်ထုတ်သင့်တယ်။ နောက်တစ်ခုကတော့ အောက်ဆီ ဂျင်မျက်နှာဖုံးတပ်ပြီး ဆင်းရင် တော့ အကောင်းဆုံးပဲ’’ဟု ဒေါက် တာကျော်စွာကပြောသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ သံတွဲမြို့မရဲစခန်းမှ သေမှုသေ ခင်း ဖွင့်လှစ်စစ်ဆေးနေကြောင်း သိရသည်။

                                                                ဗထူးနယ်က(သတင်းစုံ)


No comments: