.label-size:hover { border:1px solid #6BB5FF; text-decoration: none;-moz-transition: all 0.5s ease-out; -o-transition: all 0.5s ease-out; -webkit-transition: all 0.5s ease-out; -ms-transition: all 0.5s ease-out; transition: all 0.5s ease-out; -moz-transform: rotate(7deg); -o-transform: rotate(7deg); -webkit-transform: rotate(7deg); -ms-transform: rotate(7deg); transform: rotate(7deg); filter: progid:DXImageTransform.Microsoft.Matrix( M11=0.9961946980917455, M12=-0.08715574274765817, M21=0.08715574274765817, M22=0.9961946980917455, sizingMethod='auto expand'); zoom: 1; } .label-size a { text-transform: uppercase; float:left; text-decoration: none; }.label-size a:hover { text-decoration: none; }

Friday, January 29, 2016

SSPP/SSA နှင့် အစိုးရတပ်မတော်အကြား ၂၀၁၅ တွင်း ၁၀၁ ကြိမ် တိုက်ပွဲဖြစ်ပွား


ဂျန္န၀ါရီလ ၃၀ ရက် ၂၀၁၆

အစိုးရတပ်မတော် ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် ၂၀၁၅ ခုနှစ်အတွင်း သျှမ်းပြည်တပ်မတော် SSPP/SSA နှင့် အစိုးရတပ်မတော်အကြား တိုက်ပွဲေ ပါင်း ၁၀၁ ကြိမ်ဖြစ်ပွားကာ နှစ်ဘက် သေကြေဒဏ်ရာရရှိမှု ၄၀၀ ထက်မ နည်းရှိသည်ဟု သိရသည်။

ဂျန္နဝါရီ ဒုတိယ အပတ်က သျှမ်းပြည်တိုးတက်ရေးပါတီ သျှမ်းပြည်တပ်မတော် ဌာနချုပ်၌ ၂၀၁၅ ခု နှစ်အတွက် နှစ်ပတ်လည်အစည်းအဝေးကျင်းပခဲ့သည်။

အဆိုပါ အစည်းအဝေးတွင် အဖွဲ့အစည်း၏ နိုင်ငံရေး စစ်ရေးများကိုပြန်လည် သုံးသပ်ခဲ့ကြပြီး မူးယစ်ဆေး ဝါးကိစ္စ၊ ဘိန်းအစားထိုးသီးနှံကိစ္စ အပါအဝင် ဌာနလိုက်လုပ်ငန်းများတင်ပြကြသည်။

တိုက်ပွဲနှင့်ပတ်သက်သည့် အကြောင်းကို ဌာနချုပ်ရုံးအရာရှိတဦးက သျှမ်းသံတော်ဆင့်သို့ ဤကဲ့သို့ ပြောကြားသည်။

“တနှစ်ပတ်လုံး တိုက်ပွဲက အောက်တိုဘာ နဲ့ နိုဝင်ဘာလက အများဆုံးဘဲ။ အဲဒီမှာ ကျနော်တို့ ရဲဘော်ရဲဘက် ၃၀ အသက်ပေးလှူခဲ့ရတယ်။ ၆၀ ကျော် ဒဏ်ရာရတယ်။ အစိုးရ တပ်မတော်ဘက် ကတော့ အယောက် ၃၀၀ ကျော်သေကျေဒဏ်ရ ရတယ်လို့ ကြားသိရတယ်” - ဟု အဆိုပါ အရာရှိ ကပြောသည်။

တိုက်ပွဲအတွင်းအစိုးရတပ်မတော်ဘက်မှ တပ်ရင်းအင်အား ၂၀ ကျော်၊ တိုက်ဂျတ်လေယာဉ် MIG 29 နှစ်စင်း၊ တိုက်ပွဲဝင်ရဟတ်ယာဉ် MI 35 ၆ စင်း သုံးကာ SSPP/SSA အား ၁၀ ကြိမ်ထက်မနည်း လာရောက်တိုက်ခိုက် သည်ဟု ၎င်းက ပြောသည်။

တိုက်ပွဲတွင် သျှမ်းပြည်တပ်မတော်ဘက်မှ တာ့ဆမ်ပူး ကူးတို့ဆိပ် စခန်း နှင့် အခြားတပ်စခန်း ငယ်အချို့စွန့်လွတ်ခဲ့ရကြောင်းလည်းသိရသည်။

ဒီဇင်ဘာလဆန်းပိုင်းက နှစ်ဘက် သဘောတူညီချက်အရ စစ်ရေး ပဋိပက္ခဖြစ် ပွားသည့် မိုင်းနောင် - မိုင်းရှူးကားလမ်းတောင်ဘက်ခြမ်းမှ တပ်နှစ်ဘက်လုံး ဆုတ်ခွါရမည်ဟု သဘောတူကြသည်။ သို့သော် လက်ရှိအနေအထား အရ နှစ်ဦးနှစ်ဘက်စလုံး လက်တကမ်းသာ ဆုတ်ကြသည့်အတွက် အချိန် မရွေး တိုက်ပွဲ ဖြစ်ပွားနိုင်သည့်အတွက် နေရပ်ပြန်ဖို့ စစ်ဘေးေ ရှာင်များစိုး ရိမ်ဆဲ အခြေ အနေတွင် ရှိနေပါသည်။

၂၀၁၅ အောက်တိုဘာ ၆ ရက်မှ နိုဝင်ဘာ လနှောင်းပိုင်း အတွင်း အစိုးရ တပ်မှ ထိုးစစ် ဆင် တိုက်ခိုက်မှုကြောင့် မိုင်းရှူးမြို့နယ် နှင့် ကျေးသီးမြို့နယ် အတွင်း ရှိ ရပ်ရွာလူထု တသိန်းနီးပါး မဲပေးပိုင်ခွင့်လစ်ဟင်းခဲ့ရသည့် အပြင် ဒေ သခံ တသောင်းကျော်လည်း နေရပ်မှ စွန့်ခွါခဲ့ရသည်။

လက်ရှိတွင်တိုက်ပွဲငြိမ်သက်နေပြီဟု ဆိုသော်လည်း ဟိုင်းပါ၊ ဝမ်ဝ နှင့် မိုင်းရှူးရှိ စစ်ဘေးရှောင် နှစ်ထောင်ခန့်က နေရပ်ပြန်ဖို့ အခက်တွေ့နေဆဲဖြစ် သည်။

No comments: