.label-size:hover { border:1px solid #6BB5FF; text-decoration: none;-moz-transition: all 0.5s ease-out; -o-transition: all 0.5s ease-out; -webkit-transition: all 0.5s ease-out; -ms-transition: all 0.5s ease-out; transition: all 0.5s ease-out; -moz-transform: rotate(7deg); -o-transform: rotate(7deg); -webkit-transform: rotate(7deg); -ms-transform: rotate(7deg); transform: rotate(7deg); filter: progid:DXImageTransform.Microsoft.Matrix( M11=0.9961946980917455, M12=-0.08715574274765817, M21=0.08715574274765817, M22=0.9961946980917455, sizingMethod='auto expand'); zoom: 1; } .label-size a { text-transform: uppercase; float:left; text-decoration: none; }.label-size a:hover { text-decoration: none; }

Friday, January 29, 2016

ရွာငံမှ ကမ်းပါးနီကျောက်နံရံပန်းချီများ စမ်းသပ်တူးဖော်မှုလုပ်ငန်းပြီးစီး

 ကျောက်ခေတ်လူသား များ နေထိုင်ခဲ့သည်ဟု ယူဆရ သည့် ရှမ်းပြည်နယ် ရွာငံမြို့နယ် မှ ကမ်းပါးနီကျောက်နံရံပန်းချီများ စမ်းသပ်တူးဖော်မှုလုပ်ငန်းပြီးစီး သွားပြီဖြစ်ကြောင်း ယဉ်ကျေးမှု ၀န်ကြီးဌာန ရှေးဟောင်းသုတေသ နဦးစီးဌာနမှ သတင်းရရှိသည်။
နိုင်ငံခြားရှေးဟောင်းပညာ ရှင်ပါဝင်သည့် ရှေးဟောင်းသု တေသနဦးစီးဌာန မန္တလေးဌာနခွဲ မှအဖွဲ့သည် ကမ်းပါးနီကျောက်နံ ရံပန်းချီများနှင့် ယင်းနေရာအနီး ၀န်းကျင်များကို ၂၀၁၅နိုဝင်ဘာ နှင့် ဒီဇင်ဘာတွင် စမ်းသပ်တူးဖော် ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ ရာ ရှေးဦးကျောက်ခေတ်လူသား များ အသုံးပြုခဲ့သည်ဟု ယူဆရ သည့် မြေနီခဲ(Red Ochre) အ ပိုင်းအစများ၊ အိုးခြမ်းကွဲအပိုင်းအ စများနှင့် ကျောက်လက်နက်အ အထောက်အထားများရရှိခဲ့ ကြောင်း ရှေးဟောင်းသုတေသန ဦးစီးဌာန မန္တလေးဌာနခွဲမှ လက် ထောက်ညွှန်ကြားရေးမှူး ဦးလှ ရွှေက ပြောသည်။
ရရှိခဲ့သည့် အထောက်အ ထားများနှင့် ကျောက်နံရံပန်းချီ ကျောက်တုံးကြီးသုံးတုံးကို ရေ ရှည်တည်တံ့စေရန် ယာယီဝင်းခြံ ကာရံခြင်းလုပ်ငန်းများ ဆောင် ရွက်မည်ဖြစ်ကြောင်း၊ ထို့အပြင် ပြည်တွင်း၊ ပြည်ပခရီးသွားများ လာရောက်လည်ပတ်နိုင်စေရန် နေရာတစ်ခုအဖြစ် ၂၀၁၆အတွင်း ဆက်လက်ဆောင်ရွက်မည်ဟု လက်ထောက်ညွှန်ကြားရေးမှူး ဦးလှရွှေက ဆိုသည်။
‘‘နယ်မြေဖွံ့ဖြိုးဖို့၊ မြန်မာနဲ့ ကမ္ဘာလှည့်ခရီးသည်တွေ လေ့ လာနိုင်ဖို့ အညွှန်းဆိုင်းဘုတ်တွေ ထပ်တပ်ပါမယ်။ ရှေးဟောင်းနယ် နိမိတ် ကျောက်တိုင်တွေလည်း သတ်မှတ်စိုက်ထူသွားမယ်’’ဟု ၎င်းကပြောသည်။
ကမ်းပါးနီ နံရံဆေးရေးပန်း ချီများကို ၀မ်းတွင်းမြို့နေယဉ် ကျေးမှုတက္ကသိုလ်မှအငြိမ်းစား ကျောင်းဆရာဦးစိုးနိုင်(၀မ်းတွင်း) နှင့် တောကျွမ်းသည့် ဦးဝင်းဘိုတို့ တောနင်းရှာဖွေရာမှ ကျောက် ခေတ်လက်ရာဟု ယူဆရသည့် နံရံဆေးရေးပန်းချီများ ရှာဖွေတွေ့ ရှိခဲ့ခြင်းဖြစ်သည်။
နံရံဆေးရေးပန်းချီများသည် ကျောက်တုံးကြီးသုံးတုံးပေါ်တွင် ဆေးနီညိုရောင်နှစ်လိုင်းဖြင့် ရေး ဆွဲထားပြီး အမြင့် ၉ ပေ၊ အလျား ၁၄ ပေခန့်ရှိသည့် ဆင်ရုပ် တစ် ရုပ်၊ အခြားတိရစ္ဆာန်ရုပ်ပုံများ၊ လက်ဝါးပုံများ၊ အခြားမသဲကွဲ သည့်ရုပ်ပုံများ ဖြစ်သည်။

No comments: