.label-size:hover { border:1px solid #6BB5FF; text-decoration: none;-moz-transition: all 0.5s ease-out; -o-transition: all 0.5s ease-out; -webkit-transition: all 0.5s ease-out; -ms-transition: all 0.5s ease-out; transition: all 0.5s ease-out; -moz-transform: rotate(7deg); -o-transform: rotate(7deg); -webkit-transform: rotate(7deg); -ms-transform: rotate(7deg); transform: rotate(7deg); filter: progid:DXImageTransform.Microsoft.Matrix( M11=0.9961946980917455, M12=-0.08715574274765817, M21=0.08715574274765817, M22=0.9961946980917455, sizingMethod='auto expand'); zoom: 1; } .label-size a { text-transform: uppercase; float:left; text-decoration: none; }.label-size a:hover { text-decoration: none; }

Thursday, January 7, 2016

ရွာငံမြို့နယ်ရှိ ကျောက်ခေတ်လက်ရာများ ပြုပြင်ထိန်းသိမ်းရန် ကျပ်သိန်းငါးရာအသုံးပြုမည်

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ကမ်းပါးနီးရွာအနီးလွန်ခဲ့သော နှစ်သန်းပေါင်းနှစ်သောင်းခန့်က ကျောက်ခေတ်လက်ရာများကို ပြုပြင်ထိန်းသိမ်းရန် ဘတ်ဂျက်ငွေကျပ်သိန်းငါးရာအသုံးပြုမည်ဖြစ်ကြောင်း သတင်းရရှိသည်။
တောင်ကြီးခရိုင်၊ ရွာငံမြို့ နယ်အတွင်း ၂၀၁၅ ဇွန်လက လွန်ခဲ့သော နှစ်သန်းပေါင်း နှစ်သောင်းကဟု ယူဆရသော ကျောက်ခေတ်လက်ရာနံရံပန်းချီများကို တွေ့ရှိ ခဲ့ပြီး ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ မန္တ လေးဌာနခွဲက ဘတ်ဂျက်ငွေကျပ် ၁၀ သိန်းသုံး၍ ထိန်းသိမ်းခဲ့သည်။
၂၀၁၆-၁၇ ဘဏ္ဍာနှစ်တွင် ငွေကျပ်သိန်းငါးရာအသုံး ပြုပြီး တူးဖော်ခြင်းနှင့် ထိန်းသိမ်း ခြင်းလုပ်ငန်းများကို လုပ်ဆောင် မည်ဖြစ်ကာ အထိမ်းအမှတ် ကျောက်တိုင်စိုက်ထူခြင်း၊ ခြံစည်း ရိုးများခတ်ခြင်းနှင့် ဓာတုဗေဒ နည်းလမ်းများကို အသုံးပြု၍ နံရံ ဆေးရေးပန်းချီများပေါ်က အပျက် အစီးများကို ဖယ်ရှားသွားမည်ဖြစ် ကြောင်း ရှေးဟောင်းသုတေသနဦးစီးဌာန မန္တလေးဌာနခွဲမှ ဦးညိုမြင့်ထွန်းက ပြောသည်။ထို့ပြင် ပညာရေးဝန်ကြီးဌာန မြန်မာစာကော်မရှင်အဖွဲ့၊ မြန်မာ့ သမိုင်းအဖွဲ့တို့နှင့် ပူးပေါင်း၍ အ ဆိုပါကမ်းပါးနီရွာမှ ကျောက် ခေတ်လက်ရာများကို မြန်မာ့စွယ် စုံကျမ်းတွင် ဖော်ပြရန်လည်း လုပ် ဆောင်သွားမည် ဖြစ်ကြောင်း စုံ စမ်းသိရသည်။
အဆိုပါရှေးဟောင်းလက်ရာနံရံပန်းချီများသည် ကျောက်ကြမ်းခေတ်က သက်ရှိလူသားတို့ရေးဆွဲ ခဲ့သည်ဟု ယူဆရပြီး ကျောက်ဆောင်များပေါ်တွင် ပင့်ကူပုံ၊ မြင်း ပုံ၊ ဆင်ပုံ၊ လက်ဝါးပုံများရေးဆွဲ ထားခြင်းဖြစ်ကာ လူနှင့် သဘာဝ ဒဏ်ကြောင့် အပျက်အစီးများရှိ နေကြောင်းယဉ်ကျေးမှုဝန်ကြီး ဌာနမှဒုတိယအမြဲတမ်းအတွင်းဝန်ဦးရဲမြင့်က ပြောသည်။‘‘ထိန်းသိမ်းစောင့်ရှောက်မှုတွေမလုပ်ခင်က ကျောက်ဆောင်ပေါ်မှာ ဘောပင်နဲ့ ဆော့ပင်တွေနဲ့ လျှောက်ခြစ်သွားတာမျိုးတွေရှိတယ်။ အဲဒါ တွေကိုဓာတုဗေဒနည်းနဲ့စနစ်တကျပြန်သန့်စင်ပြီးတော့ထိန်းသိမ်းဖို့လုပ်နေပါတယ်’’ဟု၎င်းကပြောသည်။လက်ရှိတွင် အဆိုပါနံရံပန်းချီများအနားဝန်းကျင်တွင်တူး ဖော်မှုများဆက်လက်ပြုလုပ်နေပြီးခိုင်လုံသောပစ္စည်းများနှင့် ကျောက်ခေတ်လက်နက်များ တွေ့ရှိမည်ဟု ခန့်မှန်းရကြောင်း ရှေးဟောင်းပညာရှင်များကသုံးသပ်ကြသည်။‘‘တူးဖော်လို့ ကျောက်ခေတ်လက်ရာပစ္စည်းတွေ တွေ့ရင် တော့ ဓာတ်ခွဲခန်းမှာစစ်ဆေးပြီးဘယ်နှခုနှစ်ကဘယ်လိုနေထိုင်မှုတွေရှိခဲ့လဲဆိုတာပိုပြီးတိတိကျကျပြောနိုင်ပါပြီ’’ဟု ရှေးဟောင်းသုတေသနဦးစီးဌာန မန္တလေးဌာနခွဲမှ ဦးညိုမြင့်ထွန်းက ပြောသည်။

No comments: