.label-size:hover { border:1px solid #6BB5FF; text-decoration: none;-moz-transition: all 0.5s ease-out; -o-transition: all 0.5s ease-out; -webkit-transition: all 0.5s ease-out; -ms-transition: all 0.5s ease-out; transition: all 0.5s ease-out; -moz-transform: rotate(7deg); -o-transform: rotate(7deg); -webkit-transform: rotate(7deg); -ms-transform: rotate(7deg); transform: rotate(7deg); filter: progid:DXImageTransform.Microsoft.Matrix( M11=0.9961946980917455, M12=-0.08715574274765817, M21=0.08715574274765817, M22=0.9961946980917455, sizingMethod='auto expand'); zoom: 1; } .label-size a { text-transform: uppercase; float:left; text-decoration: none; }.label-size a:hover { text-decoration: none; }

Friday, January 29, 2016

ကလေးများ၏ ဖွံ့ဖြိုးမှုအခြေအနေကြောင့် ဗျည်းအက္ခရာရှစ်လုံးကို အရေးတွင်ချန်ခဲ့သော်လည်း ရွတ်ဆိုရာတွင် ထည့်သွင်းသွားမည်

သူငယ်တန်းသင်ရိုးညွှန်းတမ်းအသစ်တွင် ကလေးသူငယ်ဖွံ့ဖြိုးမှုအခြေအနေကြောင့် မြန်မာ ဗျည်းအက္ခရာရှစ်လုံးကို အရေးအသား၌ ချန်ရစ်ခဲ့ပြီး အရွတ်၊ အဖတ်တွင် ဗျည်းအက္ခရာအားလုံးပါဝင် ရွတ်ဆိုရမည်ဖြစ်ကြောင်း သူငယ်တန်းသင်ရိုးညွှန်းတမ်းရေးဆွဲရေးကော်မတီဥက္ကဋ္ဌ ဒေါက်တာ ဒေါ်ခင်မျိုးမြင့်ကြူက ပြောသည်။
‘‘ဒီ ဠ၊ ဋ၊ ဌ၊ ဍ စတဲ့စာလုံး တွေက အရေးအဆွဲခက်တယ်။ ကလေးတွေက သိပ်ငယ်သေး တယ်။ ကလေးတွေရဲ့ဖွံ့ဖြိုးမှုအ တွက် နည်းနည်းစောသေးလို့ ချန် ခဲ့တာ။ အရွတ်၊ အဖတ်မှာတော့ ကကြီးကနေ အ အထိရအောင် ဖတ်သွားမယ်။ အရွတ်၊ အဖတ် မှာ အစဉ်ပျက်သွားမှာစိုးလို့ တစ် လုံးမှ မချန်ဘူး’’ဟု သူငယ်တန်း သင်ရိုးညွှန်းတမ်း ရေးဆွဲရေး ကော်မတီဥက္ကဋ္ဌ ဒေါက်တာဒေါ် ခင်မျိုးမြင့်ကြူက ပြောသည်။
သူငယ်တန်းသင်ရိုးညွှန်း တမ်းအသစ်တွင် စာသင်နှစ် နောက်ဆုံးသုံးလရောက်မှသာ သူ ငယ်တန်းမှ ပထမတန်းသို့ ကူး ပြောင်းရာတွင် လွယ်ကူစေရန် သင်ကြားရာ၌ ရေးဆွဲရန် ခက်ခဲ သည့်စာလုံးများ (ဃ၊ ဈ၊ ဋ၊ ဌ၊ ဍ၊ ဎ၊ ဏ၊ ဠ)တို့ကိုချန်၍ မြန်မာ ဗျည်းအက္ခရာ ၂၅ လုံး၊ အင်္ဂလိပ် အက္ခရာ ၂၆ လုံး၊ အင်္ဂလိပ်ကိန်း ဂဏန်း (1 မှ 10 အထိ)နှင့် မြန်မာ ကိန်းဂဏန်း (၁ မှ ၂၀ အထိ) သာ သင်ကြားပေးမည်ဖြစ်ကြောင်း သူငယ်တန်းသင်ရိုးညွှန်းတမ်းရေး ဆွဲရေးအဖွဲ့မှ သိရသည်။
‘‘ဥပမာ ကလေးတွေ လှေ ကားတက်သင်သလိုပဲ၊ အချိန်မ တန်ခင် လှေကားတက်သင်ပေး တဲ့ကလေးနဲ့ အချိန်တန်မှ သူ့ဘာ သာသူ တက်တတ်တဲ့ကလေးနဲ့ ဖွံ့ဖြိုးမှုချင်းအတူတူရတယ်။ အ စောကြီးစိတ်ပူပြီး လှေကားတက် သင်ပေးတဲ့ကလေးလည်း နောက် ဆုံးကျလှေကားတက်နှုန်းက ဒီအ တိုင်းပဲ။ အဲဒါကြောင့် ဒီ ဋ၊ ဌ တွေ မပါတာ စိတ်ပူစရာမရှိပါဘူး။ ပထမတန်းကျရင် ဗျည်းအက္ခရာ ၃၃ လုံးစလုံးပါမယ်။ ဒါကိုချန်ခဲ့ တာလည်း ပြည်တွင်း၊ ပြည်ပ ပညာရှင်တွေ အများကြီးညှိပြီး ချန်ခဲ့တာ’’ဟု ဒေါက်တာဒေါ်ခင် မျိုးမြင့်ကြူက ပြောသည်။
လာမည့် ၂၀၁၆-၂၀၁၇ ပညာသင်နှစ်တွင် စတင်အသုံးပြု မည့်သူငယ်တန်းသင်ရိုးညွှန်း တမ်းအသစ်၌ မြန်မာဗျည်းအက္ခရာ ၃၃ လုံးအနက် ရှစ်လုံးကို ချန်လှပ် ၍သင်ကြားမည်ဟု သတင်းများ ထွက်ပေါ်ခဲ့ပြီးနောက် အခြေခံ ပညာရေးအသိုင်းအ၀ိုင်းကြား ဝေဖန်မှုများပေါ်ထွက်လာခဲ့ခြင်း ဖြစ်သည်။
‘‘မြန်မာအက္ခရာဗျည်း ၃၃ လုံးကို KG မှာသင်တယ်။ သင်တဲ့ နေရာမှာ နှစ်မျိုးရှိတယ်။ တစ်မျိုး က ဗျည်းအက္ခရာတွေကို ဒါက ကကြီး၊ ခခွေးဆိုပြီး သိအောင် သင်ပေးတာ။ နောက်တစ်မျိုးက ရေးတတ်အောင်သင်ပေးတာမှာ ရေးလို့လည်းခက်တဲ့စာလုံးမျိုး တွေကို ပထမတန်းရောက်မှသင် မယ်လို့ လုပ်ထားတာ။ ဒါက နား လည်မှုလွဲတာပါ’’ဟု သူငယ်တန်း သင်ရိုးညွှန်းတမ်းရေးဆွဲရေးအဖွဲ့ ၏ အကြံပေးပညာရှင်ဒေါက်တာ ၀င်းအောင်က ပြောသည်။
အဆိုပါသူငယ်တန်းသင်ရိုး ညွှန်းတမ်းအသစ်တွင် ကလေး ငယ်များသည် မြန်မာဗျည်းအက္ခ ရာများ၊ အင်္ဂလိပ်အက္ခရာများ၊ သင်္ချာအခြေခံ၊ အင်္ဂလိပ်ကိန်း ဂဏန်းများ၊ ပုံဆွဲခြင်းနှင့် ဆေး ခြယ်ခြင်းတို့ကို သင်ကြားသင်ယူ မှုအထောက်အကူပြုပစ္စည်း (KG Kit) များအသုံးပြု၍ သင်ကြားရ မည်ဖြစ်ကြောင်း သူငယ်တန်း သင်ရိုးရေးဆွဲရေးအဖွဲ့မှ သိရ သည်။
‘‘သူငယ်တန်းမှာ ကလေး တွေကို စာမသင်ရဘဲ ကဗျာတွေ၊ ပုံပြင်တွေနဲ့ သင်ရမယ်ဆိုတာကို သဘောကျတယ်။ အရမ်းငယ်တဲ့ အချိန်မှာ စာမသင်စေချင်သေး ဘူး’’ဟု ဒဂုံမြောက်ပိုင်းမြို့နယ်မှ လာမည့်ပညာသင်နှစ်၌ ကလေး ငယ်ကို ကျောင်းစတင်ထားရှိမည့် ဒေါ်သင်ဇာကပြောသည်။
ပြောင်းလဲသင်ကြားတော့ မည့် သူငယ်တန်းသင်ရိုးသစ်တွင် ယခင်သင်ကြားနေသည့် ဘာသာ ရပ်အခြေခံ၍ အလွတ်ကျက်မှတ် မှုအစား ကလေးများအတွက် ဘက်စုံဖွံ့ဖြိုးနိုင်ရန် စဉ်းစားတွေး ခေါ်မှုကို အခြေခံသည့် သင်ယူဖွံ့ ဖြိုးမှုနယ်ပယ်ခြောက်ခုပါဝင် အောင် ထည့်သွင်းရေးဆွဲထား ကြောင်း သူငယ်တန်းသင်ရိုးညွှန်း တမ်းသစ် ရေးဆွဲသည့်အဖွဲ့က ဆိုသည်။
အဆိုပါသင်ရိုးသစ်နှင့်ပတ် သက်၍ ‘သူငယ်တန်း (KG) သင် ရိုးညွှန်းတမ်းသစ်ဆိုင်ရာ အသိ ပညာပေးခြင်းနှင့် ပထမတန်းသင် ရိုးညွှန်းတမ်းဆိုင်ရာ ရှင်းလင်း ဆွေးနွေးပွဲ’ကို ပညာရေးဝန်ကြီး ဌာန၊ ပညာရေးသုတေသနဦးစီး ဌာနမှ သူငယ်တန်းသင်ရိုးညွှန်း တမ်းရေးဆွဲရေးအဖွဲ့က တိုင်းဒေ သကြီးနှင့် ပြည်နယ်အသီးသီးရှိမြို့ များတွင် ဇန်န၀ါရီအတွင်း ကျင်းပ ပြုလုပ်ခဲ့သည်။
‘‘သင်ရိုးညွှန်းတမ်းအသစ် မှာ ဗျည်းအက္ခရာရှစ်လုံးကို ဘာ လို့ထည့်မသင်တာလဲဆိုတာကို အများပြည်သူကိုနားလည်အောင် အကျယ်တ၀င့်မရှင်းပြခဲ့လို့ အခု လို ပြဿနာတွေပေါ်လာတယ်လို့ မြင်တယ်။ တကယ်တမ်းက သူ ငယ်တန်း(KG) ကို စာမသင်ဘဲ ပထမတန်းကျမှ စာစသင်မယ့် ကိစ္စကို ဆရာတို့လည်း ထောက်ခံ တယ်’’ဟု မြောက်ဥက္ကလာပမြို့ နယ် အငြိမ်းစားအထက်တန်း ကျောင်းအုပ်ဆရာကြီးတစ်ဦးက ပြောသည်။
သူငယ်တန်း (KG) တွင် သင်ကြားပေးရန် အခြေခံပညာ ကျောင်းများရှိ ဆရာ၊ ဆရာမများ အား တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်နှင့် မြို့နယ်အဆင့်ထိ ဇန်န ၀ါရီမှ မေလအထိ ဆင့်ပွားသင် တန်းများ ပို့ချပေးမည်ဖြစ်ကြောင်း ဆရာအတတ်ပညာနှင့် လေ့ကျင့် ရေးဦးစီးဌာနမှ သိရသည်။

No comments: