မင်းဘူးခရိုင်၊ ငဖဲမြို့နယ်၊ ပဒါန်းကျေးရွာ၌ ကလေးငယ်တစ်ဦး လျှပ်စစ်ကား အားသွင်းထားသည့် အားသွင်းကြိုးကိုဖြုတ်ယူစဉ် ဓါတ်လိုက်သေဆုံးခဲ့မှု ဇန်နဝါရီ(၂၄)ရက်နေ့ကဖြစ်ပွားကြောင်း ငဖဲမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှတာဝန်ကျရဲဝန်ထမ်းတစ်ဦးကဇန်န၀ါရိလ ၂၅ ရက်နေ့ တွင် ကမ္ဘောဇတိုင်း သတင်းဂျာနယ်သို့ပြောသည်။
ပဒါန်းတိုက်နယ်ဆေးရုံ တွင်ဇန်န၀ါရီ(၂၄)ရက် နေ့၊ ညနေ(၅)နာရီခွဲအချိန်က ဓါတ်လိုက်ပြီး သေဆုံးနေသည့် ကလေးအလောင်းတစ်လောင်းရောက်ရှိနေကြောင်းသတင်းပေးချက်အရ ပဒါန်းရဲကင်းစခန်းမှူး ရဲအုပ်လှထွန်း သွားရောက်စစ်ဆေးခဲ့ကြောင်း၊
သေဆုံးသူမှာ မောင်.................အသက်(၄)နှစ်၊ အမှတ်(၃)ရပ်ကွက်၊ပဒန်းကျေးရွာ၊ ငဖဲမြို့နယ်နေသူဖြစ်ကြောင်း၊ ၄င်းသည် နေအိမ်တွင် ကလေးစီးလျှပ်စစ်ကားအနီရောင်တွင်အသုံးပြုသော ဘက်ထရီကိုအားသွင်းထားသည့် အားသွင်းကြိုးအား ဖြုတ်ယူစဉ် ဓါတ်လိုက်ပြီးယာလက်မောင်းညိုမဲဒဏ်ရာ၊ ဘယ်လက်ဖျံညိုမဲဒဏ်ရာ တို့ရရှိခဲ့ကာသေဆုံးခဲ့ခြင်းဖြစ်ကြောင်းအမှုစစ်၏စစ်ဆေးချက်အရသိရသည်ဟုလည်းအထက်ပါတာဝန်ကျရဲဝန်ထမ်းကပြောသည်။
ဖြစ်စဉ်နှင့်ပက်သက်၍ ငဖဲမြို့နယ်၊ မြို့မရဲစခန်းက သေမှုသေခင်းအမှတ်စဉ်၁/၂၀၁၆
ဖြင့်အမှုဖွင့်ထားသည်ဟုလည်း၎င်းကဆိုသည်..။
No comments:
Post a Comment