.label-size:hover { border:1px solid #6BB5FF; text-decoration: none;-moz-transition: all 0.5s ease-out; -o-transition: all 0.5s ease-out; -webkit-transition: all 0.5s ease-out; -ms-transition: all 0.5s ease-out; transition: all 0.5s ease-out; -moz-transform: rotate(7deg); -o-transform: rotate(7deg); -webkit-transform: rotate(7deg); -ms-transform: rotate(7deg); transform: rotate(7deg); filter: progid:DXImageTransform.Microsoft.Matrix( M11=0.9961946980917455, M12=-0.08715574274765817, M21=0.08715574274765817, M22=0.9961946980917455, sizingMethod='auto expand'); zoom: 1; } .label-size a { text-transform: uppercase; float:left; text-decoration: none; }.label-size a:hover { text-decoration: none; }

Friday, January 29, 2016

ငွေကျပ်၅၄သိန်းကျော်နှင့် ဖန်စီပစ္စည်းများ ခိုးယူလာသူအမျိုးသမီးအားအရေးယူ


မကွေးတိုင်းဒေသကြီး ဂန့်ဂေါခရိုင် ဂန့်ဂေါမြို့နယ် ဟံသာဝတီ လှုပ်ရှားရဲကင်းမှ ရဲတပ်ကြပ်မြင့်ဌေး နှင့်အဖွဲ့သည် ယခုလ ၂၆ ရက် ည ၉နာရီခွဲတွင် သတင်းအရ သက်သေများနှင့်အတူ ကလေး-မုံရွာကားလမ်းမပေါ် မိုင်တိုင် အမှတ် ၄ဝနှင့် ၄၁ အကြား ခရီးသည်တင်လိုင်းကားယာဉ်များ ကို စစ်ဆေးစဉ် SGG 7K/---- အောင် ကမ္ဘာခရီးသည် တင်ယာဉ်ပေါ်၌ ကျုံပျော်မြို့နယ် ကုန်းမြင့်သာ ကျေးရွာနေသူ မမြင့်မြင့်ဝင်း အသက်(၄၄နှစ်) ထံမှ ငွေစက္ကူရော ရာ ၅၄၅ဝဝဝဝနှင့်အတူဖန်စီလက်ကောက်နှစ်ကွင်း (တန်ဖိုးကျပ် ၇ဝဝဝ)၊ ဖန်စီဆွဲကြိုး နှစ်ကုံး (တန်ဖိုးကျပ်၇ဝဝဝ)၊ဖန်စီနားကပ် တစ်ရံ (တန်ဖိုးကျပ်၂ဝဝဝ)၊ ဒေါ် နန်းကေသီအမည်ပါ နိုင်ငံသား စိစစ်ရေးကတ်၊ ဒေါ်နန်းကေသီ အမည်ပါ မော်တော်ယာဉ်မောင်း လိုင်စင်တို့ကို ရှာဖွေတွေ့ရှိရသည်။

 ထို့နောက် စစ်ဆေးမေးမြန်းရာ အဆိုပါငွေနှင့် ပစ္စည်းများအား ၄င်းပိုင်ဆိုင်ကြောင်း အထောက်အထား တစ်စုံတစ်ရာ ပြသနိုင်ခြင်းမရှိ၍ တစ်နေရာရာမှခိုးယူလာသည်ဟု မသင်္ကာသဖြင့် မမြင့်မြင့်ဝင်းအား ဂန့်ဂေါမြို့နယ် ကန်နယ်မြေရဲစခန်း က(ပ)၆/၂ဝ၁၆၊ ပြစ်မှုပုဒ်မ ၃၈ဝ/ ၅၄ အရ အမှုဖွင့်ထားသည်။

No comments: