.label-size:hover { border:1px solid #6BB5FF; text-decoration: none;-moz-transition: all 0.5s ease-out; -o-transition: all 0.5s ease-out; -webkit-transition: all 0.5s ease-out; -ms-transition: all 0.5s ease-out; transition: all 0.5s ease-out; -moz-transform: rotate(7deg); -o-transform: rotate(7deg); -webkit-transform: rotate(7deg); -ms-transform: rotate(7deg); transform: rotate(7deg); filter: progid:DXImageTransform.Microsoft.Matrix( M11=0.9961946980917455, M12=-0.08715574274765817, M21=0.08715574274765817, M22=0.9961946980917455, sizingMethod='auto expand'); zoom: 1; } .label-size a { text-transform: uppercase; float:left; text-decoration: none; }.label-size a:hover { text-decoration: none; }

Thursday, January 21, 2016

သင့်ရဲ့သွားတွေကိုဘယ်လိုဂရုစိုက်ရမလဲ

သွားတိုက်နည်းမှန်ဖို့ဆိုတာ အရေးကြီးတယ်ဆိုတာကို လူတော်တော်များများမေ့နေကြပါတယ်၊ တစ်ရက်သွားနှစ်ကြိမ်တိုက်ဖို့တောင် အနိုင်နိုင်လုပ်နေကြတဲ့အတွက်သွားကျန်းမာရေးက ဘယ်လောက်အရေးကြီးတယ်ဆိုတာကို သတိမပြုမိကြတော့ပါဘူး၊ သွားမှန်မှန်တိုက်ရင် နှလုံးရောဂါကိုကာကွယ်ပေးတာ၊ သွားတိုက်နည်းမမှန်ရင် ရေစီးကမ်းပြိုဖြစ်တာ စတဲ့သွားရောဂါနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကိုသိထားဖို့လိုပါတယ်၊ အခုသွားနဲ့ ပတ်သက်တဲ့ အကြောင်းအရာလေးတွေနည်းနည်းလေ့လာကြည့်ရအောင်၊

၁) မနက်စာမစားခင်သွားတိုက်ပေးပါ၊


ဒီအချိန်ဟာ သွားတွေပိုစားဖို့အတွက် ပါးစပ်ထဲက ဘက်တီးရီးယားတွေအကြိုက်ဆုံးအချိန်ပါပဲ၊ သူတို့က ကျွန်တော်တို့စားနေတဲ့ အစားအသောက်တွေကိုအသုံးပြုပြီး သွားတွေကိုဖျက်ဆီးတဲ့ အက်ဆစ်တွေထုတ်လုပ်လို့ပါ၊ ဒါကြောင့်အိပ်ရာနိုးတာနဲ့ သွားတိုက်ဖို့မမေ့ပါနဲ့၊

၂) အယ်လ်ကိုဟော မပါတဲ့အရာတွေကိုသုံးပါ၊



အယ်လ်ကိုဟော လို့ခေါ်တဲ့ အရက်ဟာ လက်ရှိဈေးကွက်ထဲက ထုတ်ကုန်တွေမှာ မပါမဖြစ်ပစ္စည်းတစ်မျိုးပါပဲ၊ သူမှာ ကျွန်တော်တို့ပါးစပ်ထဲက ဆိုးဝါးတဲ့ ဘက်တီးရီးယားတွေကိုသတ်နိုင်တဲ့ စွမ်းရည်မြင့်မားစွာပါဝင်ပါတယ်၊ ဒါပေမယ့် ကောင်းမွန်တဲ့ ဘက်တီးရီးယားတွေကိုလည်း သေစေနိုင်ပါတယ်၊

၃) သာမန်သွားတိုက်နည်း


သွားဖုံးလမ်းကြောင်းကို ၄၅ဒီဂရီထောင့် ထားပြီးတိုက်ပါ၊ ပျမ်းမျှအားဖြင့် သွားပွတ်တံခေါင်းတွေဟာ သွားနှစ်ချောင်းလောက် တစ်ပြိုင်တည်းတိုက်လို့ရပါတယ်၊  သွားတိုက်ရင်အစလောက်ကနေ စက်ဝိုင်းပုံသဏ္ဍန် ငါးစက္ကန့်လောက် ပတ်ပတ်လည်တိုက်ပေးပါ၊ ပြီးတော့ ရှေ့ကိုတက်ပြီး နောက်တစ်ချောင်းကို ခုနကလိုပဲ ငါးစက္ကန့်ကြာ ပတ်ပတ်လည်တိုက်ပေးပါ၊ အဲ့လိုမျိုး တစ်ချောင်းပြီးတစ်ချောင်းတက်ပြီးတိုက်ပေးရမှာပါ  (လျှာတွေကိုလည်း သန့်ရှင်းပေးဖို့မမေ့ပါနဲ့)

၎) နှစ်မိနစ်၊ နှစ်ကြိမ်


တစ်ရက်နှစ်ကြိမ်သွားတိုက်ပါ၊ သင့်ဖုန်းထဲက Timer ကိုအသုံးပြုပြီး အနည်းဆုံး နှစ်မိနစ်ခန့် သွားတိုက်ဖို့အချိန်ယူပေးပါ၊

၅) အထိမခံနိုင်တဲ့သွားဖုံးတွေအတွက်


တကယ်လို့သင့်သွားဖုံးတွေက သွားတိုက်ရင်သွေးထွက်တာ၊ နာကျင်တာမျိုးဖြစ်တတ်လို့ရှိရင် လျှပ်စစ်သွားပွတ်တံ အသုံးပြုပေးလို့ရပါတယ်၊ လည်နေတဲ့ သွားပွတ်တံက သင့်ကိုနာကျင်ထိခိုက်မှုလျှော့နည်းစေမှာပါ၊

၆) အိပ်ရာမ၀င်ခင် တစ်နာရီလောက်အလိုမှာအစာစားတတ်တဲ့အကျင့်ကိုရှောင်ပါ၊


၇) ပဲလုံးပမာဏ




ခံတွင်းအတွက် သွားတိုက်ဆေးတွေ အများကြီးမလိုပါဘူး၊ အနည်းငယ်ဆိုလုံလောက်ပါတယ်၊ ပဲလုံးပမာဏလောက်ပေါ့၊

၈) ၄:၂ စည်းမျဉ်းကိုသတိရပါ


သင့်သွားကို တစ်ရက်နှစ်ကြိမ် နှစ်ကြိမ်နှစ်မိနစ်တိုက်ပေးပါ၊ ဒါဆိုရင် သင့်ရဲ့သွားတွေကိုကာကွယ်ပြီးပါပြီ အဲ့ဒါပြီးရင် သင်တစ်နေ့လုံး အစားလေးခါစားလို့ရပါတယ်၊ မနက်စာ၊ နေ့လည်စာ၊ လက်ဖက်ရည်နဲ့မုန့် ညနေစာ စသည်ဖြင့်ပေါ့၊ တကယ်လို့ သင်က လေးကြိမ်ထက်ကျော်ပြီး စားတယ်သောက်တယ်ဆိုရင် သွားတွေကိုနောက်ထပ်တစ်ကြိမ်ပိုတိုက်ပေးပါ၊

No comments: